တိုက်ပွဲများကြောင့် ကုန်သွယ်မှု အများဆုံး မြန်မာ၊ ထိုင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ရပ်ဆိုင်း

ဒီဇင်ဘာ ၂
တစ်ရက် အမေရိကန်ဒေါ်လာ ၃သန်း ကုန်သွယ်မှု ဆောင်ရွက်နေသော ထိုင်း၊ မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းပေါ်ရှိ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ မြဝတီ၊ မဲဆောက် နယ်စပ်ကုန် သွယ်မှု ရပ်ဆိုင်းသွား ပါတယ်။
မြန်မာ၊ထိုင်း နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ၆ခုမှာ မြဝတီ၊ မဲဆောက် ကုန်သွယ်ရေး လမ်း ကြောင်းက စီးပွားရေး မြို့တော်ရန်ကုန်နဲ့ အနီးဆုံးဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု အများဆုံး ဆောင် ရွက်နေသည့် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃ဒသမ၂ဘီလီယံ ကျော်မှာ မြဝတီ၊ မဲဆောက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ ကုန်သွယ်မှု တန်ဖိုးက ဒေါ်လာ ၁ဘီလီယံ ခန့်ပါဝင်နေပါသည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖေါ်ပြထားပါတယ်။
တိုက်ပွဲများကြောင့် ကော့ကရိတ်မှာရောက်နေတဲ့ ကုန်တင်ယဉ်တွေက ဖြတ်သန်းသွားလာမရဘဲ ပိတ်မိ နေ သလို၊ လမ်းတွေပိတ်လိုက်တာကြောင့် နောက်ထပ်ကုန်သွယ်ရေး လုပ်ငန်းတွေကလည်း ရပ်တန့် ထား ရပါ တယ်။
“ဘာကားမှ ဖြတ်လို့မရပါဘူး။ အရဲစွန့်ပြီးမသွားစေချင်ပါဘူး၊မြဝတီဘက်ကလည်းအခြေအနေမကောင်းပါဘူး ” လို့ ကော့ကရိတ်ကိုရောက်ရှိ ပိတ်မိနေတဲ့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။
လက်ရှိ လမ်းမှာပိတ်မိနေတဲ့ ကုန်ကားနဲ့ ခရီးသည်တင်ကား တချို့ကတော့ ထို့ကော်ကိုး လမ်းဘက်ကနေ မြဝ တီကို သွားနေကြကြောင်း ၊ တချို့ကုန်ကားကြီးတွေကတော့ လမ်းအပွင့်ကို စောင့်နေကြတယ်လို့ဆိုပါတယ်။
” မြဝတီကိုခုမှ တက်မယ့်ကုန်ကားတွေကလည်း အခြေအနေစောင့်ကြည့်မယ် မတက်သေး ဘူး။လမ်းမှာ ပိတ် မိနေတဲ့ကားတွေကတော့ လမ်းဖွင့်မယ့် အထိအခြေအနေစောင့်နေကြရတဲ့သဘောရှိတယ်။ ” လို့ ပို့ကုန်သမား တစ်ဦး ကပြောပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်ကနေ ထိုင်းဘက်ကို အဓိကတင်ပို့နေတဲ့ ကုန်ပစ္စည်းတွေက ကြက်သွန်နီ၊ ငရုတ်သီး ၊ မတ်ပဲ၊ဂေါ်ဖီ ၊သတ္တုနှင့်သတ္တုရိုင်း၊ချုပ်ပြီး အထည်တွေကို တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။ သွင်းကုန် ပစ္စည်းတွေ ကတော့ ပလတ်စတစ်ဘကုန်ကြမ်းပစ္စည်း ၊ အိမ်ဆောက်ပစ္စည်း ၊ စက်ပစ္စည်း စတဲ့ ပစ္စည်းအချို့ကို တင်သွင်းနေတာဖြစ်ပါတယ်။
ယခုနှစ် ဩ ဂုတ်လတုန်းကလည်း မြဝတီ အာရှလမ်းပိုင်း ဖြတ်သန်းသွားလာမရတဲ့ပြဿနာကြုံခဲ့ရတာကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှုတွေ ရပ်တန့်ခဲ့ရတာရှိခဲ့ပါတယ်။

ချစ်ခွန်းချို ( AMIA) 

Leave a Reply

Your email address will not be published. Required fields are marked *