ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ ရွှေဈေးမြင့်တက်လာ

ဒီဇင်ဘာ-၄
ခရစ်စမတ်၊ ရုံးပိတ်ရက်များသည့်လတွင် ပြည်ပခရီသွားသူများ ဝယ်လိုအားတက်လာတာကြောင့် ဒီဇင်ဘာလ ပထမ အပတ်အတွင်း ပြင်ပ လက်လီငွေကြေး  ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ၃ရာခိုင် နှုန်း ကျော်မြင့်တက်ပြီး တစ်ဒေါ်လာ ၃၅၁၀ ကျပ်သို့ ရောက်ရှိလာပါတယ်။
ပြင်ပ လက်လီ ဈေးကွက်တွင် အရွက်ဈေးဟု အရောင်းအဝယ်လုပ်သူများ သတ်မှတ်ထားသည့် ဒေါ်လာတန်ဖိုး က နိုဝင်ဘာ ၃၀ရက်တွင် တစ်ဒေါ်လာ ၃၄၀၀ ကျပ်မှ ၊ ဒီဇင်ဘာ၄ရက်တွင် ၃၅၁၀ ကျပ်သို့မြင့်တက်လာ ခြင်း ဖြစ်ပါတယ်။
“လက်လီအရွက်ဈေးတက်ပေမဲ့ awayဈေးကတော့ မတက်ဘူး။အရင်ဈေးအတိုင်းဘဲ” လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိ ပြင်ပဈေးကွက်တွင် နိုင်ငံခြားသို့ တိုက်ရိုက် လွဲပေးရသည့် away ဒေါ်လာဈေးနှုန်းက တစ်ဒေါ်လာ ၃၄၁၅ကျပ် ဝန်းကျင်သာ ဈေးဖွင့်ပါတယ်။
ပြင်ပလက်လီဈေးကွက်တွင် ဒေါ်လာတန်ဖိုး အနည်းငယ် အပြောင်းအလဲရှိသော်လည်း အစိုးရကသတ်မှတ် သည့် ဗဟိုဘဏ် online ဈေးနှုန်းက တစ်ဒေါ်လာ ၂၉၂၀ကျပ်သတ်မှတ်ပါတယ်။
ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်သကဲသို့ အခေါက်ရွှေဈေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ်၃၇ သိန်းသို့ မြင့်တက်လာပါတယ်။ကမ္ဘာရွှေဈေးမြင့်တက်ခြင်းကြောင့် ပြင်ပရွှေဈေးနှုန်းက ဒီဇင်ဘာဘအ တွင်း ၂ ရာ ခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
ဒီဇင်ဘာလ ပထမအပတ်အတွင်း ကမ္ဘာရွှေဈေးနှုန်းက ၂ရာခိုင်နှုန်းခန့်မြင့်တက်သကဲ့သို့ ရန်ကုန်တိုင်းရွှေ လုပ် ငန်းရှင်များ အသင်းမှ ထုတ်ပြန်သည့် ရည်ညွှန်းရွှေဈေးနှုန်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၂၄၄,၂၀၀ ကျပ်သို့မြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *