မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ဘီလီယံကျော် လျော့နည်းသွား

ဒီဇင်ဘာ -၅

နိုင်ငံပေါင်း ၂၃၀ကျော်နှင့် ကုန်သွယ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းမျာသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် လျော့နည်းသွားပါတယ်။

ယခုဘဏ္ဍာနှစ် ၈လအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးက ဒေါ်လာ ၉ဒသမ၃ဘီလီယံကျော်သာရှိပြီး သွင်း ကုန် တန် ဖိုးက ဒေါ်လာ ၁၀ဘီလီယံကျော်ပါတယ်။ထိုကြောင့် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ၂၀ဘီလီယံ ကျော် သာ ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ၂၂ဘီလီယံကျော်ရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန စာရင်းများတွင် ဖေါ်ပြထားပါတယ်။

ပို့ကုနနွှင့ွ သှငွးကုနွ ကုနသွှယရွး လုပငွနွးနှဈခုစလုံးမှာ ကဆှငွးမှုတှရှေိနပှေီး ပို့ကုနကွ ဒေါလွာ ၁ဒသမ၅ ဘီလီယံ(၁ဘီလီယံ= သနွးတဈထောငွ)ကှောွ နှင့ွ သှငွးကုနကွ ဒေါလွာသနွး၅၀၀ ခန့လွှော့နညွးပါတယွ။

ပို့ကုန်ကျဆင်းရခြင်းနှင့် ပက်သက်၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဗဟိုဘဏ် ငွေလဲနှုန်း မူဝါဒ၏ အခက်အခဲ နှင့် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများ ရပ်နားရမှုကို အဓိက ဖော်ညွှန်းကြပါတယ်။သွင်းကုန်ပိုင်းမှာတော့ စည်းမျဉ်း၊ စည်းကမ်းများနှင့် လိုင်စင်ချထားပေးရေး အချိန်ကြန့်ကြာမှုက အဓိကကြပါတယ်လို့ လုပ်ငန်းရှင် အချို့က ပြောပါတယ်။ ပို့ကုန်ကဏ္ဍတွင် ချုပ်ပြီးအထည်တင်ပို့မုများအပါအဝင် စက်မှုကုန်ချောတင်ပို့မှုက အများဆုံးလျော့နည်း သွား ပြီး လယ်ယာထွက်ကုန်တင်ပို့မှုက ဒုတိယ အများဆုံးဖြစ်နေပါတယ်။ “ပို့ကုန်သမားတစ်ယောက်အနေနဲ့ လက်ရှိ ငွေလဲနှုန်း စနစ်က လုပ်ရကိုင်ရ အရမ်းခက်တယ်။ အကျိုးအမြတ် လည်း မရှိဘူး၊ ဒါကြောင့် အရင်လို မလုပ်နိုင်ဘူး၊ မဖြစ်မနေပို့တာလောက်ဘဲ လုပ်နေရတယ်”လို့ ပို့ကုန်လုပ် ငန်း ရှင်တစ်ဦးကပြောပါတယ်။

စက်သုံးဆီ ၊စားအုန်းဆီ အပါအဝင် နိုင်ငံအတွက် အဓိကအရေးပါသော သွင်းကုန်ပိုင်းတွင် အစိုးရမှ စနစ်တကျ စီစစ်ဆောင်ရွက်ခြင်းကြောင့် တခါတရံသာ အချိန်ကြန်ကြာမှုများရှိတက်သော်လည်း ကျန်လူသုံးကုန်များ အပါ အဝင် သွင်းကုန်ပိုင်းတွင် အချိန်ကြန့်ကြာမှုများရှိနေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်အချို့ကပြောပါတယ်။

ထိုကြောင့် သွင်းကုန်ကဏ္ဍတွင် လူသုံးကုန်များ တင်သွင်းမှု ၁၂ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး CMP သွင်းကုန်များက ၁၃ရာခိုင်နှုန်းခန့် ကျဆင်းသွားပါတယ်။

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုနှင့် ပက်သက်၍ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုတန် ဖိုးကို ဒေါ်လာ ၃၂ဒသမ ၅ဘီလီယံရရှိမယ်လို့ အစိုးရက ရသုံးမှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)တွင် ထည့်သွင်း ခန့် မှန်းထားပါတယ်။ ထိုစာရင်းမှာ ပို့ကုန် ဒေါ်လာ ၁၆ဒသမ၅ဘီလီယံ၊ သွင်းကုန်ကို ဒေါ်လာ၁၆ဘီလီယံ ရှိ မယ်လို့ ခန့်မှန်းထားပါတယ်။

AMIA

Leave a Reply

Your email address will not be published. Required fields are marked *