ငွေလဲနှုန်း မူဝါဒ ပြင်ဆင်ဖြေလျော့ခြင်းကြောင့် ရည်ညွှန်းရွှေဈေး ၁၀ရာခိုင်နှုန်းခန့်မြင့်တက်လာ

ဗဟိုဘဏ်မှ ငွေလဲနှုန်းမူဝါဒ ပြင်ဆင်ဖြေလျော့ပေးလိုက်ခြင်းကြောင့် ပြည်တွင်းရွှေ ရည်ညွှန်း ၁၀ရာ ခိုင်နှုန်း ခန့်မြင့်တက်လာပြီး ဒီဇင်ဘာ ၈ရက်တွင် တစ်ကျပ်သားလျှင် ကျပ်၃၅သိန်းခွဲကျော် ဈေးဖွင့်လိုက်ပါ တယ်။

ဒီဇင်ဘာ၅ရက်နှင့် ၆ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း မူဝါဒနှင့် ပက်သက်ပြီး ဖြေလျော့မှု ကြေငြာချက် နှစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ရည်ညွှန်းရွှေ တစ်ကျပ်သား ကျပ် ၃၂သိန်းကျော်မှ ပြောင်းလဲ မြင့်တက်လာခြင်း ဖြစ်ပါတယ်။

“ဘဏ်တွေအကြား ဒေါ်လာရောင်းဈေးနဲ့လိုက်ပြီး ဈေးဖွင့်တာဆိုတော့ ဈေးတက်သွားတယ့် သဘောပါ။ ပြည် တွင်းဈေး ကွက် မှာ အရောင်းအဝယ်က အေးတယ်။ ဈေးတောင့်လျော့ရောင်းနေရတယ်”လို့ ရန်ကုန်တိုင်း ရွှေ လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်း ဈေးကွက်တွင် ရည်ညွှန်းရွှေဈေး ပြောင်းလဲ မြင့်တက်လာသကဲ့သို့ ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်း ကလည်း တစ်ကျပ်သားလျှင် ကျပ်၃၇သိန်းကျော် ဈေးဖွင့်ပါတယ်။

ငွေကြေးဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာလျှင် ကျပ် ၃၅၅၀သို့ မြင့်တက်လာပါ တယ်။ဗဟိုဘဏ် ကြေငြာချက်မထုတ်မီနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းငွေကြေးဈေးကွကတွင် ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာ ၂ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ပါတယ်။

ဒေါ်လာတန်ဖိုးတက်လာခြင်းကြောင့် ပြည်ပပို့ကုန်သီးနှံဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်ပြီး ပြည်တွင်း ဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်သိန်း၃၀ ဝန်းကျင်သို့ ရောက်ရှိလာပါတယ်။

AMIA

Leave a Reply

Your email address will not be published. Required fields are marked *