ပြည်ပဆန်တင်ပို့မှု မြှင့်တင်ရန် လိုင်စင် ဖြေလျော့မှုများ MRF ဆောင်ရွက်ပေး

ပြည်ပကို ဆန် တင်ပို့မှု မြှင့်တင်ရန် ပို့ကုန်လိုင်စင်လျှောက်ထားမှုရာတွင် တင်ပို့လိုသည့် ဆန်တန်ချိန် ၅၀ ရာ ခိုင်နှုန်း လက်ကိုင်ခားရှိရုံဖြင့် လိုင်စင်ထုတ်ပေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) ကပြော ပါ တယ်။

ယခင်က ပြည်ပသို့ ဆန်တင်ပို့မည့်ဆိုပါက တင်ပို့လိုသည့် ဆန်တန်ချိန် ၁၀၀ ရာနူန်းပြည့် သှိလှောင်ထားပြီးမှ ပို့ ကုန် လိုင်စင် လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင်အသေးစားနဲ့ အလတ်စား ၊အငယ်စား MSME ၊ SME Exporter တွေကိုလည် ပြည်ပဆန်တင်ပို့မှု အ တွက် ဆန်တန်ချိန် ၂၆၀ နဲ့ အောက်ဆိုရင် ပို့ကုန်လိုင်စင် လျှောက်ထားမှုအတွက် Pre-License Cargo Inspection စစ်ဆေးခြင်းမပြုဘဲ လိုင်စင်ထုတ်ပေး နေတယ်လို့ သိရပါတယ်။

” ဆန်ပြည်ပတင်ပို့မှုအားကောင်းလာအောင်လိုအပ်တဲ့ဖြေလျှော့မှုကို လုပ်ပေးတာပါ၊ အရင်က ၁၀၀ ရာခိုင်နူန်း ပစ္စည်းစစ်ပြီးမှ လိုင်စင်ထုတ်ပေးတဲ့အစား ၅၀ ရာခိုင်နူန်း ပစ္စည်းစစ်ဆေးမယ် ဥပမာ တန် ၁၀၀၀ တင်ပို့မယ်ဆိုရင် တန် ၅၀၀ ကို ပုဂ္ဂလိက အစိုးရပူးပေါင်းစစ်ဆေးတာမျိုးလုပ်မယ်၊ အသေးစားအငယ်စား အလတ်စား ကုမ္ပဏီလေးတွေကိုလည်း တန် ၂၅၀ အထိကို စစ်ဆေးမှုမပြုဘဲ ပို့ကုန်လိုင်စင်ချပေးမှာပေါ့ ” လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဆန်တင်ပို့မှုလုပ်ငန်းအတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုအပိုင်း ပိုအားထည့်လုပ်ဆောင် ရန်အတွက် ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေအကြား ဆွေးနွေးမှုတွေလုပ်ဆောင် နေတယ်လို့သိရပါ တယ် ။

နိုဝင်ဘာကစပြီး လာမယ့် ၂၀၂၄ ခုနှစ် မေလအထိ အချိန်ကာလဟာ ပြည်ပကို ဆန်တင်ပို့မှုအတွက် အရေး ကြီးသည့် ကာလတွေဖြစ်တာကြောင့် ဆန်တင်ပို့မှုပိုမိုအားကောင်းလာစေရန် ပို့ကုန်လုပ်ငန်းရှင်တွေကို ဖြေ လျှော ပေးတာဖြစ်ပါတယ်။

လက်ရှိ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တင်ပို့မှု တန်ချိန် ၂ သန်းကျော်တင်ပို့ရန် လျာထားသော် လည်း ယခုဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိကိုမှ ဆန်တန်ချိန် ၇ သိန်းကျော်သာတင်ပို့ ထားနိုင်တာ ကြောင့် လျာထားချက်ပြည့်မှီဖို့ တန်ချိန်း ၁သန်းခွဲကျော် လိုအပ်နေတယ်လို့သိရပါတယ်။

ဒါကြောင့် MRF အနေနဲ့ ကျန်သည့် ဘဏ္ဍာနှစ် ကာလမှာ တစ်လကို ဆန်တန်ချိန် ၂ သိန်းလောက်အထိ တင်ပို့ နိုင်ဖို့ ဖြေလျှော့မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ချစ်ခွန်းချို (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *