ပြည်ပပို့ ကုန်လျောကျမှုကို ကုစားရန် ဗဟိုဘဏ်က ပို့ကုန် ရငွေနှင့် ပက်သက်ပြီး ဖြေလျော့မှုများ ဆက်တိုက် ထုတ်ပြန်

ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ သန်း၁၅၀၀ ကျော်လျော့နည်းလာချိန်တွင် ဗဟိုဘဏ်က ပို့ ကုန်ရငွေနှင့် ပက်သက်ပြီး ဖြေလျော့မှုများကို ဆက်တိုက်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒီဇင်ဘာ ၅ရက်နေ့စွဲဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်(Online Trading)တွင် သတ်မှတ်ဈေး တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ၅၀ရာခိုင်နှုန်း ရောင်းဝယ်မှုကို ပယ်ဖျက်ပြီး ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းဝယ်ရန် ဖြေ လျော့ပေးခဲ့ပါ တယ်။

ကျန်၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၂၁၀၀ ကျပ်ဖြင့် အရောင်းအ ဝယ်ပြု လုပ်ရမှာဖြစ်ပါတယ်။

ထိုအတူ ဒီဇင်ဘာ၆ ရက်တွင် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအစား ၃၅ရာခိုင်နှုန်းကိုသာ မြန်မာ ကျပ်ငွေဖြင့် လဲ လှယ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

နိုင်ငံခြားငွေကြေးနှင့် ပက်သက်ပြီး ဗဟိုဘဏ်၏ ဖြေလျော့မှုနှစ်ခုစလုံးက ဆန်၊ပဲ၊ ပြောင်း အပါအဝင် လယ်ယာ ထွက် ကုန်များ၊ ရေထွက်ကုန်များ အပါအဝင် မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များအတွက် လိုလားချက်များဖြစ် ပါတယ်။

“ဖြေလျော့မှုတွေက ပုံမှန်ချိန်မှာဆိုရင်တော့ ကုန်သွယ်ရေးတက်လာမှာပါ”လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီဇယ်ဆီ ရှားပါးမှုအခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး အခက်အခဲများနှင့် အခြားသော စိန်ခေါ်မှုများက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့နိုင်သည့် ပမာဏကို ပြည့်မီဖို့ ခက်ခဲပါတယ်လို့ ၎င်းကပြောပါတယ်။

ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းနိုင်ရန် ဗဟိုဘဏ်ဖြေလျော့ပေးရာတွင် ပြည်ပပို့ ကုန် လုပ်ငန်းရှင်များအတွက် ဝမ်းသာစရာဖြစ်သော်လည်း သွင်းကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲ များ ဖြစ်လာပါတယ်။

ယခုဘဏ္ဍာနှစ် ၈လအတွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် တန်ဖိုး ဒေါ်လာ ၉ဒသမ၃ဘီလီယံ (သန်း၁၀၀၀ = ၁ဘီလီယံ) ကျော် တင်ပို့ထားပါတယ်။

မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ကဏ္ဍတွင် ချုပ်ပြီး အထည်တင်ပို့မှု အပါအဝင် စက်မှုကုန်ချောတင်ပို့မှုက ၂၀ရာခိုင် နှုန်း ကျော်လျော့နည်းသွားပြီး၊ လယ်ယာထွက်ကုန် တင်ပို့မှုက ၁၂ရာခိုင်နှုန်းကျော် လျော့နည်းသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *