စက်သုံးဆီ ဝယ်ယူရခက်လို့ စပါးရိတ်ခြွေ စက်နှုန်းထား တစ်ဧကကို ၁ သိန်းကျော်မြင့်တက်လာ

စက်သုံးဆီ ဝယ်ယူရခက်လာတာကြောင့် စပါးရိတ်ခြွေစက်နှုန်းထား တစ်ဧကကို ငွေကျပ် တစ်သိန်းကျော်ထိ ဈေးမြင့်တက်လာပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲတွေဖြစ်ပေါ်နေလို့ တောင်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

ဒီဇယ် နဲ့ ဓာတ်ဆီရှိတဲ့ စက်သုံးဆီအရောင်းဆိုင် ကြီးတွေကလည်း ဆီပမာဏကို အကန့်အသတ်နဲ့ရောင်းချပေးနေပြီး အလုံအလောက်ဝယ်ယူလို့မရတဲ့အပြင် စျေးနူန်းတွေကလည်း မြင့်တက်လာနေတယ်လို့သိရပါတယ်။

စပါးရိတ်ခြွေဖို့ကျန်နေသေးတဲ့ ဧရာဝတီတိုင်း၊ ပဲခူး၊မန္တလေး၊စစ်ကိုင်း၊မကွေး၊ရခိုင်၊ချင်းပြည် ဘက်တွေမှာ ဒေသအပေါ်လိုက်ပြီး စပါးရိတ်ခြွေစက်နူန်းထားတွေက တစ်ဧကကို အနိမ့်ဆုံး ၁၈၀၀၀ ကျပ်မှ ၂၅၀၀၀၀ ကျပ်အထိ် ရှိနေ တယ်လို့သိရပါတယ်။

” အရင်ကထက်တော်တော်လေးတက်လာတယ်။ စပါးတွေကမှည့်နေပြီ၊ ရိတ်ချင်သူကများတယ်။စျေးတက်လည်းရိတ်ရတာပဲ။ တချို့လည်းလူနဲ့ငှားရိတ်ကြတာရှိတယ် ၊ စက်သုံးဆီ စျေးတက်တာ ကျွန်တော်တို့တောင်သူတွေကို လာထိတယ်၊ ” လို့ မတ္တာမြို့နယ် တောင်သူတစ်ဦးကပြောပါတယ်။

စိုက်ပျိုးရေးလယ်ယာစက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ ပရီမီယံ ဒီဇယ်က နိုဝင်ဘာလတုန်းက တစ်ပေပါကို ၅ သိန်းကျော်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၉ သိန်းကျော်အထိရောင်းချလာတယ်လို့သိရပါတယ်။

” လယ်ထွန်စက်နဲ့ ရိတ်ခြွေစက်အတွက် ဒီဇယ်စတစ်ပေပါဝယ်လာတာ ၉ သိန်းကျော်သွားတယ်၊ဆိုင်မှာတော့သူတို့ကအကန့်အသတ်နဲ့ပဲ၊ ဖောက်သည်မို့လို့ချန်ထားပေးတာလို့ပြောတယ် ” လို့ လယ်ထွန်စက် ပိုင်ရှင်တစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက စပါးစက်ရိတ်ခြွေခနူန်းထားက နေရာဒေသအပေါ့လိုက်ပြီး တ စ်ဧကကိုငွေကျပ်  ၁ သိန်းမှ ၁၅၀၀၀၀ ကျပ်အထိသာအများဆုံး စျေးရှိခဲ့တယ်လို့သိရပါတယ်။

ရိတ်ခြွေစက်ခနူန်းထားတွေ မြင့်တက်လာတာကြောင့် စပါးအထွက်နူန်းနည်းတဲ့ လယ်တွေကိုတော့ တောင်သူတွေက အလုပ်သမားငှားပြီး လူနဲ့ရိတ်ကာ နေလှန်းပြီး စက်နဲ့ခြွေတာမျိုးလည်း လုပ်နေကြပါတယ်။

စက်သုံးဆီ ဝယ်ယူရခက်ပြီး စျေးနူန်းကြီးမြင့်မှုကြောင့် ကြက်သွန်စို်က်တောင်သူတွေ ၊ မတ်ပဲစိုက်တောင်သူတွေလည်း စိုက်ခင်းတွေကို ရေသွင်းနိုင်ခြင်းမရှိဘဲ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

ဓာတ်ဆီတစ်လီတာကို စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ၂၅၀၁ ကျပ်သာရှိပြီး 95 က ၂၆၀၀ ကျော်သာရှိပေမယ့် ပြင်ပစျေးကွက်မှာတော့ တစ်လီတာကို ၅၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်အထိ ရှိနေပါတယ် ။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *