ငွေလဲနှုန်းမူဝါဒပြောင်းလဲပြီးနောက် ပြည်တွင်းစားအုန်းဆီလက် ကားဈေးဆက်တိုက်ကျဆင်းလာ

ဒီဇင်ဘာ ၁၁

ဗဟိုဘဏ်ငွေလဲနှုန်းမူဝါဒပြောင်းလဲပြီးနောက် စားအုန်းဆီလက်ကားဈေး၄ရာခိုင်နှုန်းခန့် ကျဆင်းပြီးဒီဇင်ဘာလမှာ တစ်ပိဿာကို  ၄၈၁၅ ကျပ်သတ်မှတ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ နောက်ဆုံးပတ်ကနေ ဒီဇင်ဘာလ ၃ ရက်အထိ စားအုန်းဆီ လက်ကားစျေးက တစ်ပိဿာကို ၅၀၀၀ ကထပ်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်တွင် ၄၉၂၀ ကျပ်ကိုပြန်ကျလာပြီး အခုဒီဇင်ဘာလ ၁၁ ရက်မှာ တစ်ပိဿာကို ၄၈၁၀ ကျပ်အထိ ထပ်မံကျဆင်းလာခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်ကနိုင်ငံခြားငွေလဲနှုန်းကို online trading သတ်မှတ်နှုန်းပယ်ဖြတ်ပြီးဈေးကွက်ပေါက်ဈေး သတ်မှတ်ရောင်း၀ယ်ခွင့်ပြုကြောင်း ဒီဇင်ဘာ၅ရက်တွင် ထုတ်ပြန်ကြောငြာခဲ့ပါတယ်။

” အမြဲတမ်းတော့ စားအုန်းဆီ ကမရဘူး၊ရတဲ့အချိန်လေးတော့ကိုယ့်ဖောက်သည်တွေကို ရောင်းပေးနေတာပါ။ စျေးကတော့ သူတို့ရောင်းတဲ့အပေါ် တစ်ပိဿာမှ ၁၀၀၀ လောက်ပဲ အမြတ်ယူရောင်းတာပါ ၊ ကျွန်မတို့က တစ်ဆယ်သားတွေလက်လီရောင်းရတာပါ ” လို့ ပြည်မြို့နယ်က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မာမာဆွေကပြောပါတယ်။

စားအုန်းဆီ လက်ကားရည်ညွှန်းစျေးကျလာသလို ပြင်ပစားအုန်းဆီ  လက်ကားစျေးကွက်မှာလည်း  ၁၀ ပိဿာကို ၇၈၀၀၀ လောက်အထိရှိရာကနေ လက်ရှိမှာ ၇၀၀၀၀ ကျပ်အထိ ပြန်ကျလာ တယ်လို့သိရပါတယ်။

ဒါ့အပြင် လက်လီစျေးကွက်မှာလည်း တစ်ပိဿာကို ၉၀၀၀ ကျပ်ရှိရာကနေ ၈၀၀၀ ကျပ်အထိကျလာပေမယ့် စားအုန်းဆီကို စားဆီအရောင်းဆိုင်တိုင်းမှာ အလွယ်တကူနဲ  လိုအပ်တဲ့ပမာကိုတေ့ ဝယ်ယူလို့မရသေးဘူးလို့ စားသုံးသူတွေထံကနေ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတဲ့အတွက်  နေရာဒေသအပေါ်လိုက်ပြီး စျေးနူန်း ကွာဟမှုရှိနေဆဲဖြစ်ပြီး စားအုန်းဆီကို ဝယ်ယူရခက်တဲ့ ပြဿနာကိုတော့ နေရာတိုင်းလိုလိုမှာ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

” စားအုန်းဆီ ဝယ်မရလို့ ပဲနှမ်းအရောဆိုပြီး အဲ့ဆီကိုဝယ်စားနေရတယ်။တစ်ဆယ်သားကို ၁၄၀၀ ပေးရတယ်၊ အရင်လိုရောင်းပေးတာမျိုးလည်းမရှိတော့ဘူး ” လို့ စားသုံးသူ တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံ ဆီလုပ်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကတော့ စားအုန်းဆီတွေကို  ရန်ကုန်တိုင်းထဲမှာ စားအုန်းဆီလက်လီလက်ကားရောင်းချပေးနေတဲ့ဆိုင်တွေ ရာနဲ့ချီရှိကြောင်း နေ့စဉ် ဆိုင်လိပ်စာနဲ့တကွ ထုတ်ပြန်ပေးနေသလို ကျန်တဲ့  တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်တွေမှာ စားအုန်းဆီ  ရောင်းချပေးမယ့် စာရင်းတွေကိုပါ အသိပေးထပါတယ်။

ဒီနေ့ဒီဇငဘြာလ ၁၁ ရကနြေ့မှာဆိုရငြ ရနကြုနတြိုငြးမှာ စားအုနြးဆီ ပပေါ  ၂၉၆၇ (ပိူာ ၃၂၆၃၇၀ )ထုတပြေးထားပှီး ဉကနှဒွသတှဖှေစတွေဲ့ ကရငပွှညနွယွ ၊ရခိုငပွှညနွယွ၊မှနပွှညနွယွ ၊ရှမွးပှညနွယွ၊ ပဲခူးတိုငွး၊မကှေး၊ဧရာဝတီ၊တနငွသြါရီ၊စဈကိုငြးတိုငြး၊မနျတလေးတိုငြးက ကိုယစြားလှယြဦးရေ ၃၀ ကွောကြို စားသုံးဆီ တငသြှငြးခှင့ရြရှိထားတဲ့ ကုမျပဏီတှကနေေ  စားအုနြးဆီ ပပေါ ၅၈၈၀ ဆီထုတပြေးခဲ့တယလြို့သိရပါတယြ။

စားသုံးဆီတင်သွင်းခွင့်ရရှိတဲ့ ကုမ္ပဏီတွေဆီက တစ်ဆင့် ဝယ်ယူဖြန့်ဖြူးရောင်းချတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ စားသုံးဆီကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် အသားတင်အမြတ် ၂ % နှင့်အထွေထွေကုန်ကျစရိတ် ပေါင်း၍သာရောင်းချဖို့ လည်း သတိပေးထားပါတယ်။

ဒါကြောင့် အဆိုပါ ဒေသတွေမှာ စားအုန်းဆီ ဝယ်ယူလို့မရခြင်း၊စျေးနူန်းကြီးမြင့်ခြင်း တွေရှိပါက မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကိုဆက်သွယ်တိုင်ကြားနိုင်တယ်လို့အသိပေးထားပါတယ်။

ညိုပြာဝိုင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *