ပြည်ပပို့ကုန် ကန်ဒေါ်လာ ၁၀ဘီလီယံမှာ ချုပ်ပြီးထည်တင်ပို့မှု ၃၀ရာခိုင်နှုန်းပါဝင်

ဒီဇင်ဘာ-၁၁

မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ် ၈လအတွင်း ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတွင် ချုပ်ပြီးအထည် တင်ပို့မှုက ၃၀ရာခိုင်နှုန်းဖြင့် ပမာဏအများဆုံး ပါဝင်နေတယ်လို့ပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်းကြီးဌာနစာရင်းများတွင်ဖေါ်ပြထားပါတယ်။

ဒုတိယ အများဆုံးပို့ကုန်က သဘာဝဓာတ်ငွေ့ဖြစ်ပြီး ဒေါ်လာ သန်း၂၂၀၀ ကျော်ဖြစ်ပြီး ဆန်၊ပဲ၊ ပြောင်းအပါအ ဝင် လယ်ယာထွက်ကုန် တင်ပို့မှုက ဒေါ်လာသန်း၂၀၀၀ ကျော်ပါဝင်ပါတယ်။

နိုင်ငံခြားငွေလဲနှုန်း အကန့်အသက်များအပါအဝင် အခြားသော အခက်အခဲနှင့် စိန်ခေါ်မှုများကြောင့် နိုင်ငံခြား ပို့ ကုန်တန်ဖိုးက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း၁၆၀၀ ကျော် လျော့နည်း ပါ တယ်။ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူက ဒေါ်လာ ၁၁ဘီလီယံကျော် တင်ပို့ထားပါတယ်။

“ပြည်ပပို့ကုန်ကျလို့ အခုဗဟိုဘဏ်က ငွေလဲနှုန်းမူဝါဒ ပြင်ဆင်ပေးလိုက်တယ်။ဒါကြောင့် ကျန်ကာလမှာ ပို့ ကုန်ကတော့ အတိုင်းအတာတစ်ခုအထိ တက်လာနိုင်ပါတယ်”လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပို့ကုန်မြှင့်တင်ရေးအတွက် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက်လိုအပ်သည့် ဓာတ်မြေ ဩဇာ တင် သွင်း ခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့်လုပ်ငန်းရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန် ပစ္စည်းများ တင်သွင်းခွင့်ပြုရန် စီစဉ်ပေးခဲ့ပါတယ်။

(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *