ဆီဆိုင်တွင် အချိန်ပေးတန်းစီရခြင်းက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှောင့်နှေးသည်ဟုဆို

စက်သုံးဆီ ရရှိရန် ဆီဆိုင်တွင် အချိန်ကုန်ခံပြီး တန်းစီဝယ်ယူနေရခြင်းကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း များ နှောင်းနှေးလာပြီး လုပ်ငန်းလည်ပတ်ရေးကို ရုန်းကန်နေရတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။

အဝေးပြေးခရီးသည်တင်ယဉ်အများစုသည် ဒီဇယ်စက်သုံးဆီသုံး ကားကြီးများဖြစ်ခြင်းကြောင့် ဆီရရှိရေး တန်း စီစောင့် ဆိုင်းပြီး ဝယ်ယူရသဖြင့် ခရီးစဉ်လမ်းကြောင်းများ အချိန်မီထွက်နိုင်ရန် စိန်ခေါ်မှုများ ကြုံနေရတယ်လို့ အဝေးပြေးခရီးသည် ပို့ ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

“ကားသမားတွေဆိုရင် ခရီးသည်၊ ကုန်ချပြီးတာနဲ့ ဆီရဖို့အရေးဘဲ အာရုံစိုက်နေရတယ်။ ပ့ုမှန်ယဉ်တွေက်နိုင် ရေးက ဒီရက်ပိုင်းမှာမလွယ်ဘူး”လို့ ၎င်းကပြောပါတယ်။

ထို့အတူ ကုန်တင်ယာဉ်များတွင်လည်း ယနေ့အထိ စက်သုံးဆီ ဝယ်ယူရရှိရေးအတွက် တန်းစီစောင့်ဆိုင်းရမှုများ ဆကလက်ရှိနေတယ်လို့ ဘုရင်နောင် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

“ဆီက တန်းစီရတုန်းဘဲ။အချိန်ပေးနေရတာပေါ့။ ဈေးမတက်ဘဲ အရင်လို အလွယ်ထည့်မရတော့ မထူးပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းကြီးနှစ်ခုဖြစ်သည့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေး လမ်းများ ပိတ်နေမှုကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ နှေးကွေးနေချိန်တွင် စက်သုံးဆီ ဝယ်ယူရရှိရေး အခက်အခဲက စိန်ခေါ်မှုတစ်ခုလို့ဆိုပါတယ်။

ယခင်စက်သုံးရှားပါးမှုတွင် ဓာတ်ဆီ 92? 95 သာ ဝယ်ယူရရှိရေး ခက်ခဲမှုများဖြစ်ခဲ့သော်လည်း ယခုတစ်ကြမ် တွင် ဒီဇယ်စက်သုံးဆီ ပါဝင်လာသဖြင့် စီးပွားရေး လုပ်ငန်းများပါ အခက်အခဲများဖြစ်လာပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မီးစက်များအားကိုး၍ လုပ်ငန်းလည်ပတ်နေရချိန်တွင် စက်သုံးဆီ ဝယ်ယူရရှိ ရန်အခက်အခဲက ကုန်ထုတ်လုပ်ရေးကို အကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ လှိုင်သာယာစက်မှု ဇုန်မှ ထုတ် ကုန်ုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၆ရက်မှစတင်ပြီး စက်သုံးဆီ ဝယ်ယူရရှိရေး အခက်အခဲကို တစ်နိုင်ငံလုံကြုံတွေ့ခဲရပါ တယ်။လက်ရှိအချိန်တွင် ရန်ကုန်ရှိစက်သုံးဆီဆိုင်များတွင် ဆီတန်းစီရန်အချိန်တစ်ခုပေးရသော်လည်း မိမိလိုအပ်သည့် ပမာဏကို ဝယ်ယူရရှိလာပါတယ်။

စက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိရေးနှင့်ပက်သက်ပြီး နေ့စဉ်ပုံမှန် ဖြန့်ဖြူးပေးနေသည့် ပမာဏ ထက် တိုး မြှင့်ဖြန့် ဖြူးပေး နေတယ်လို့ စက်သုံးဆီ တင်သွင်း သှိလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှုး က ဒီဇင်ဘာ၁၀ရက် နိုင်ငံပိုင် သတင်းစာနှင့် အင်တာဗျူးတွင် ပြောထားပါတယ်။

(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *