နယ်စပ်ကုန်သွယ်ရေး အချို့ ပိတ်နေသော်လည်း ထိုင်းကို ထောပတ်သီး တိုးပို့နိုင်မယ်လို့မျှော်လင့်

ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံမှ ထောပတ်သီး ဝယ်အားကောင်းခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအချို့ ပိတ်နေ သော်လည်း လမ်းကြောင်းပြောင်းလဲပြီး တိုးမြှင့်တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင် ပို့ရောင်းချသူများအသင်းက မျှော်လင့်နေပါတယ်။

ထိုင်းကို ထောပတ်သီး တင်ပို့ရာမှာ အရင်က မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့ခဲ့ပြီး လက်ရှိမှာတော့ မြဝတီ ကုန်သွယ်ရေးဇုန်မှ တင်ပို့မှုမလုပ်နိုင်သဖြင့် တာချီလိတ်နယ်စပ်ကုန် သွယ် ရေး လမ်းကြောင်းမှ အဓိကတင်ပို့နေတယ်လို့သိရပါတယ်။

” တာချီလိတ်မှာပဲ ပွဲစားကိုရောင်းလိုက်တဲ့တောင်သူတွေလည်းရှိတယ်၊ ထိုင်းဘက် ဘန်ကောက်အထိ တင် ပို့တာ လည်းရှိတယ် ၊ ထိုင်းကို ခုပို့နေပါပြီ ၊အရင်နှစ်ထက်ပိုပြီးပို့နိုင်မှာပါ ” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးကျော်စိုးမင်းကပြောပါတယ်။

ပြီးခဲ့သည့် ထောပတ်သီး ရာသီတုန်းက ထိုင်းကို ထောပတ်သီး တန်ချိန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ တော့ တန် ၂၅၀၀ လောက်အထိ တင်ပို့ဖို့ ခန့်မှန်းထားတာဖြစ်တယ်လို့ဆိုပါတယ်။ပြည်တွင်းမှာက ထောပတ် သီးတန်ချိန် ၃၀၀၀ လောက်ထွက်ရှိပြီး အထွက်နူန်း ရဲ့ ၉၀ ရာခိုင်နူန်းကို ထိုင်းကို အဓိက တင်ပို့နေပြီး ကျန်၁၀ ရာခိုင်နူန်းကိုသာ ပြည်တွင်းစားသုံးမှုရှိတယ်လို့သိရပါတယ်။

လက်ရှိ ထိုင်းကို တင်ပို့ရာမှာ တာချီလိတ်အရောက် ထောပတ်သီးဈေးက တစ်ကီလိုကို ၄၀၀၀ ကျပ်ရရှိပြီး ထိုင်း  နိုင်ငံ ဘန်ကောက်အထိ တင်ပို့မယ်နိုင်လျှင် ထောပတ်သီး တစ်ကီလိုကို ၈၀၀၀ ကျပ်လောက်အထိရရှိတယ်လို့ သိရပါတယ်။ပြည်တွင်း ဈေးကွက်မှာတော့ ထောပတ်သီးဈေးက တစ်ကီလိုကို ၃၀၀၀ ကနေ ၇၀၀၀ ကျပ် လောက် အထိ ဈေးရရှိနေတယ်လို့သိရပါတယ်။

ပြည်တွင်း ဈေးကွက်မှာ  ထောပတ်သီးကို သစ်သီးဖျော်ရည်  အဖြစ်သာ အဓိက စားသုံးကြပြီး အခြားသော ထုတ်ကုန်အဖြစ်အဖြစ်  သုံးစွဲမှု နည်းပါးနေသေးတာကြောင့် ခုနှစ်မှာ ပြည်တွင်း စားသုံးမှုက တန် ၃၀၀ လောက်အထိ စားသုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ထောပတ်သီးကို အောက်တိုဘာလမှာ  အသီးတွေ  စတင်ခူး ဆွတ်ရပြီး နိုဝင်ဘာလကုန်လောက်စပြီး ထိုင်းကိုတင်ပို့ကာ  ဇန်နဝါရီလက နောက်ဆုံးတင်ပို့ရတဲ့ကာလဖြစ် တယ်လို့သိရပါတယ်။

ထောပတ်ပင်က  စတင်စိုက်ပြီး ၃ နှစ်အကြာမှသာ  အသီးသီးကာ ရောင်းချရခြင်းဖြစ်ပြီး  နှစ်ရှည်သီးနှံပင်ဖြစ်ကြောင်း ၊စိုက်ပျိုးမှုအ နေနဲ့ရှမ်းပြည်နယ်၊န္တလေးတိုင်းမှာစိုက်ပျိုးတာဖြစ်တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *