ပြည်တွင်းရည်ညွှန်း ရွှေဈေး ဆက်တိုက်မြင့်တက်ပြီး အခေါက်ရွှေ တစ်ကျပ်သား ကျပ်၃၇ သိန်းသို့ ရောက်လာ

ဒီဇင်ဘာ- ၁၄
ကမ္ဘာရွှေဈေးအနည်းငယ်မြင့်တက်မှုနှင့် ပြည်တွင်းဘဏ်များအကြား ရောင်းဝယ်သော ဒေါ်လာတန်ဖိုးမြင့် တက်ခြင်းကြောင့် ပြည်တွင်းရွှေရည်ညွှန်းဈေးနှုန်း ဆက်တိုက်မြင့်တက်လာပြီး ဒီဇင်ဘာ ၁၄ရက် နေ့လည်ပိုင်း တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်၃၇သိန်းသို့ ရောက်ရှိလာပါတယ်။

လက်ရှိ ပြင်ပဈေးကွက်တွင် ဖွင့်လှစ်သည့် ရွှေဈေးနီးပါး ရည်ညွှန်း ဈေးနှုန်းက မြင့်တက်လာပြီး ထိုသို့ရည်ညွှန်း ဈေး မြင့်တက်ရ ခြင်းနှင့် ပက်သက်၍  “AD လိုင်စင်ရ ဘဏ်တွေကြားက ရောင်းတယ့် ဒေါ်လာဈေးနဲ့ တွက်ပြီး ဈေးသတ်မှတ်လို့ပါ”လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာ၁၄ရက်တွင် ပြင်ပရွှေဈေးနှုန်းက တစ်ကျပ်သားလျှင် ကျပ်၃၇သိန်းကျော်ဈေးဖွင့်ပါ တယ်။ ကမ္ဘာရွှေ ဈေးက တစ်အောင်စလျှင် ဒေါ်လာ ၂၀၃၅ ဈေးဖွင့်ပါတယ်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲနှုန်း မူဝါဒ ပြောင်းလဲပြီးနောက် ဘဏ်အများအကြား ရောင်းဝယ်သည့် ငွေလဲနှုန်း သတ်မှတ်ချက်ကိုယူ၍ တွက်သဖြင့် ရည်ညွှန်း ရွှေဈေးနှုန်းက မြင့်တက်ခဲ့ပါတယ်။ ယခင်က ဗဟိုဘဏ် သတ် မှတ် ငွေလဲနှုန်း ၂၁၀၀ ကျပ်ဖြင့်တွက်၍ ဈေးဖွင့်ခြင်းကြောင့် ပြင်ပဈေးကွက် ရောင်းဈေးနှင့် ရည်ညွှန်းဈေးက ကွာခြားခဲ့ပါတယ်။

ရည်ညွှန်းရွှေဈေးနှုန်း တစ်ပတ်အတွင်း ၅ရာခိုင်နှုန်းကျော်မြင့်တက်သော်လည်း ပြည်ပဈေးကွက်တွင် ရွှေဈေး အနည်းငယ်တည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အချို့ကပြောပါ တယ်။

” ရောင်း မ့သူများတယ်၊ ဝယ်သူကအတော်အေးတယ်”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ လက်ရှိပြည်တွင်း စီးပွားရေး အခြေအနေအရ ရွှေထည်လုပ်လိုသူများ လျော့နည်းတယ်လို့လည်း ၎င်းကပြောပါတယ်။

ရည်ညွှန်းဈေးနှုန်းနှင့် ပြင်ပရွှေဈေးနှုန်း တန်းတူနီးပါး ဖြစ်လာခြင်းက စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းနေသော ရွှေတူးဖေါ်ရေး လုပ်ငန်းအချို့ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ရွှေလုပ်ငန်းရှင်အချို့က မျှော် လင့်နေပါတယ်။

ရည်ညွှန်းရွှေဈေးနှုန်း မြင့်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင် အမေရ်ကန်ဒေါ်လာတန်ဖိုးက တစ် ဒေါ်လာ ၃၅၅၀ ကျပ်မှ ၃၅၂၀ကျပ်သို့ အနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။

AMIA

Leave a Reply

Your email address will not be published. Required fields are marked *