ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် အိန္ဒိယက မြန်မာမတ်ပဲနှင့် ပဲစင်းငုံ တန်ချိန် တိုးဝယ်မည်ဟုဆို

ဒီဇင်ဘာ ၁၄

လာမည့်နှစ် ရွေးကောက်ပွဲ ရှိနေသော အိန္ဒိယ အစိုးရက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ တန်ချိန်များစွာ တင်သွင်းရန် စီစဉ်ထားခြင်းကြောင့် လာမည့်နှစ်ပဲဈေးကျရန် အလားအလာ မရှိဘူးလို့ ပဲကုန်သည်အချို့ကပြောပါတယ်။

အယ်နီညိုရာသီဥတုကြောင့် အိန္ဒိယ နိုင်ငံတွင် ပြည်တွင်းပဲစိုက်ပျိုးထုတ်လုပ်မှု လျော့ကျသဖြင့် ကုန်သည်များ၏ သှိလှောင် ဈေးကစားမှုများကို အိန္ဒိယ အစိုးရက စိုးရိမ်နေပါတယ်။လာမည့်နှစ်တွင် လက်ရှိ ဝန်ကြီးချုပ် မိုဒီအစိုး ရ အတွက် စာမေးပွဲ အစစ်ခံရမည့် ရွေးကောက်ပွဲရှိနေခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့် တက်မှုကို ကာကွယ်ရန် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ တိုးမြှင့် ဝယ်ယူဖို့ အစီစဉ်များရှိနေပါတယ်။

” အိန္ဒိယက တစ်နှစ်ပတ်လုံး  ပဲစဉ်းငုံ နဲ့မတ်ပဲ ဝယ်ပါတယ်။အခုဝယ်မယ့်ပမာဏကတော့ နှစ်တိုင်းဝယ် တာ ထက်များတယ်၊ တကယ်ဝယ်ဖြစ်မဖြစ်ကတော့ အချိန်ကျမှသိရမှာပေါ။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည် များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အိန္ဒိယက နှစ်စဉ် မြန်မာနိုင်ငံမှ ပဲစဉ်းငုံတန်၃ သိန်း၊ မတ်ပဲ တန် ၇ သိန်းခန့် ဝယ်ယူတယ်လို့ လည်း ၎င်းကပြောပါတယ်။

ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ ဧပြီမှ နိုဝင်ဘာ လကုန်အထိ ၈လအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ တန် ၁သန်း ကျော် တင်ပို့ထားပြီး မတ်ပဲ တန် ၅သိန်းကျော် ပါဝင်နေပါတယ်။

အိန္ဒိယကို လစဉ် ပဲတင်ပို့မှုအနေနဲ့ ပဲစဉ်းငုံက တစ်လကို တန် ၄၀၀၀၀ လောက်ရှိပြီး မတ်ပဲကတော့ တစ်လကို တန် ၆၀၀၀၀ မှ ၇၀၀၀၀ ကြားတင်ပို့နေခြင်းဖြစ်ပါတယ်။

ယခုနှစ် မတ်ပဲရာသီမှာ အိန္ဒိယဘက်က မတ်ပဲနဲ့ ပဲစဉ်း ငုံကို တန်ချိန်တိုးပြီးဝယ်ယူမှာဖြစ်လို့ မြန်မာမှာ မတ်ပဲအသစ်၊ပဲစဉ်းငုံအသစ်ပေါ်ပါကလည်း ဈေးတန်းကတော့ အများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ ကုန်သည်များကခန့်မှန်းကြပါတယ်။

” အိန္ဒိယ မှာက အယ်လ်နီညိုကြောင့် စိုက်ဧကတွေလျော့တယ်၊အထွက်နူန်းလျော့တယ်။ဒီတော့ ပဲလိုအပ်ချက် ရှိနေလို့ ပဲအသစ်တွေပေါ်လည်းဈေးကမကျနိုင်ဘူး၊ ” လို့အောင်လံ ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးအောင်မိုး ကပြောပါ တယ်။

လက်ရှိ ပဲစဉ်းငုံနီတစ်တန်ကို ၃၁၅၀၀၀၀ ကျပ်ရှိပြီး နယ်ဈေးကွက်မှာပိဿာ ၂၀ တစ်တင်းကို ၁ သိန်းကျပ်ရှိ ကြောင်း ၊  မတ်ပဲ FAQ ကတော့ တစ်တန်ကို ၂၉ သိန်းရှိပြီး နယ်ဈေးကွက်မှာ ပိဿာ ၂၀ တစ်တင်းကို ၉၃၀၀၀ ကျပ်ရှိနေပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံနီကို အိန္ဒိယ နိုင်ငံကိုသာ အဓိကတင်ပို့နေရတာဖြစ်လို့ အိန္ဒိယ ရဲ့ ပဲ ဝယ်လိုအားအပေါ်လိုက်ပြီးဈေးက အတက်အကျရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဲစဉ်းငုံက ခုလ ဒီဇင်ဘာ မှာ စတင်ရိတ်သိမ်းကြမှာဖြစ်ပြီး ဆောင်း မတ်ပဲကတော့  ဖေဖော်ဝါရီလကနေ မတ်လအတွင်းမှာ ရိတ်သိမ်းရ တာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *