ရခိုင်ရေထွက်ကုန်များ ကုန်ကျစရိတ်ကြီးမြင့်သည့် လေကြောင်းဖြင့် ရန်ကုန်သို့ တင်ပို့နေရဟုဆို

ဒီဇင်ဘာ ၁၄

ကုန်လမ်းနှင့် ရေလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် ရခိုင်ပြည်နယ်မှ ရေထွက်ကုန်များကို သယ်ယူပို့ဆောင် စရိတ်ကြီးမားသည့် လေကြောင်းကိုသာ အသုံးပြု၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့နေရကြောင်း ရေထွက်ကုန် တင်ပို့သူ လုပ်ငန်းရှင်များကပြောပါတယ်။

ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များပြီး အကျိူးအမြတ် ရရှိမှုနည်း ပေမယ့်လည်း ရေထွက်ကုန်က ပုတ်သိုးလွယ်ကုန်စည်ဖြစ်လို့  ထွက်ပေါက်တခုအဖြစ် တင်ပို့နေ ရ ခြင်း ဖြစ်သလို အလုပ်သမားငှားရမ်းခတွေ၊ အထွေထွေကုန်ကျစရိတ်တွေအတွက်လည်း ဝင်ငွေရရှိအောင် တင် ပို့နေရတာဖြစ်ပါတယ်။

“ဒီမှာဈေးတွေကတော်တော်ကြီးတော့တင်ပို့ရတာ အခက်အခဲတော့ရှိတယ်။ဈေးတွေကတော့ ကုန်းလမ်းကတင် ပို့လို့မရတော့ လေကြောင်းနဲ့ပို့ရတော့ ကုန်ကျစရိတ်ကများတယ်၊ ကုန်ကျသရိတ့က ပစ္စည်းတန်ဖိုးရဲ့ တဝက် လောက် ရှိတယ် ” လို့ ရခိုင်ပြည် နယ်၊စစ်တွေက ရေထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချနေသူ ဦးဇော်ဝင်းကပြော ပါတယ်။

ရေထွက်ကုန်ပစ္စည်း တင်ပို့နေသူတွေအနေနဲ့ ပုဇွန်မျိုးစုံ ၊ပြည်ကြီးငါး၊ရေဘဝဲ အပါအဝင် ရေထွက်ပစ္စည်းအမျိုး မျိုး ကို ရန်ကုန်ဈေးကွက်တခုတည်းကိုသာ တင်ပို့နေတာဖြစ်ပါတယ်။သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့် တက်မှုနဲ့အတူ ရေထွက်ကုန်ပစ္စည်း ဈေးနူန်းလည်းမြင့်တက်လာတဲ့အတွက် စားသုံးမှုလည်း အရင်ကထက် လျော့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ရေထွက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ရေကြောင်းကနေသာ သယ်ယူနေ ရ တာဖြစ်ကြောင်း ၊ လက်ရှိရခိုင်ပြည်နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၁၈၀၀၀ လောက်အထိရှိနေတာကြောင့် သယ်ယူ ပို့ဆောင်ရေး ကုန်ကျ စရိတ် က မြင့်တက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ပြီး ကုန်းကြောင်း ၊ရေကြောင်း ကနေ သွားလာခွင့်တွေပိတ်ထားတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *