အာရှလမ်းပိတ်နေပြီး စက်သုံးဆီဈေးမြင့်ခြင်းကြောင့် ကုန်စည်ပို့ဆောင်စရိတ် များစွာမြင့်တက်

ဒီဇင်ဘာ ၁၈


မြန်မာ၊ ထိုင်းနှစ်နိုင်ငံ နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီး ပိတ်နေခြင်း၊စက်သုံးဆီဈေးမြင့် တက်ခြင်းကြောင့် ကုန်စည်ပို့ဆောင်စရိတ်များ အဆများစွာမြင့်တက်လာကြောင်း ကုန်သည်အချို့က ပြော သည်။

လက်ရှိ ထို့ကော်ကိုး လမ်းကိုသာ အသုံးပြုပြီး ပြည်တွင်းမှ ကုန်စည်များ တင်ပို့ခြင်း၊ ထိုင်းနိင်ငံမှ ကုန်စည်များ တင်သွင်းခြင်းကို ဆောင်ရွက်နေပြီး ကုန်စည်ပို့ဆောင်စရိတ် ကလည်း ယခင်၁၀ကျပ် သိန်းဝန်းကျင်မှ လက်ရှိ တွင် ကျပ်သိန်း၄၀ကျော် ပေးနေရတယ်လို့ ကုန်သည်အချို့က ပြောပါတယ်။

မြဝတီ- ထို့ကော်ကိုးလမ်းက  တောင်ပတ်လမ်းဖြစ်ပြီး မြေသာလမ်းဖြစ်တာကြောင့် ကုန်သွယ်မှုအပေါ်  (၆) ဘီးကား (၂၄) ပေ အထိကိုသာ သွားလာခွင့်ပြုပေးထားပြီး ကျန်တဲ့ (၁၀) ဘီးကား နဲ့ (၁၂) ဘီး ကား၊ ၂၂ ဘီးတွဲကား တွေကို ဖြတ်သန်း သွားလာခွင့် မပြုပေ။

့ကြောင့် ရန်ကုန်အပါအဝင် ဒေသအစုံကနေ မြဝတီကို ကုန်စည်တွေပို့ဆောင်ရာမှာ ဘားအံ့အကျော် သာမ ည အထိသာ တွဲကားတွေမောင်းရပြီး အဲ့ဒီကမှတဆင့် ၆ ဘီးကားငှားကာ မြဝတီကို တဆင့်ကုန်တွေသယ်ယူ ပို့ ဆောင်နေရလို့ ကုန်သွယ်မှုစရိတ်တွေမြင့်တက်ပြီး ပစ္စည်းတွေကလည်းဈေးတက်လာနေတယ်လို့သိရပါတယ်။

” ပြည်မထဲကနေ တင်သွင်းတဲ့ ပစ္စည်းအကုန်ဈေးတက်ပါတယ်။ ကုန်စိမ်းတွေ၊ ဆန်၊ ကြက်သွန် အကုန်တက်ပါ တယ် ။ ” လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

ထို့ကော်ကိုး တောင်ပတ်လမ်းမှာ ကားပိတ်ဆို့မှုတွေဖြစ်ပြီး အချိန်ကြာမြင့်စွာ ပိတ်နေလို့ ဘားအံကနေ ယနေ့  ဒီ ဇင်ဘာလ ၁၈ ရက်ကစပြီး အတက် တစ်ရက်၊အဆင်းတစ်ရက် သတ်မှတ်လိုက်ကြောင်း၊   ဘားအံကနေ မြဝတီ ကို သွားမယ့်  အတက်ကားတွေကို ယနေ့ ပေးသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မြဝတီကနေ ဘားအံကို ဆင်းမယ့်ကားများ သွားခွင့်ပေးမှာဖြစ်ပါတယ်။

” အတက်၊အဆင်း တလှည့်စီဆိုတော့ ကောင်းပါတယ်။ပိုမြန်တာပေါ့။လမ်းကြောင်းအေးချမ်းနေသရွေ့တော့ သယ်ယူခဈေးကြီးလည်း ကုန်သွယ်မှုလုပ်ရသေးတယ်။ဒီလမ်းပါပိတ်ရင်တော့မြဝတီကို ဘယ်ကမှဝင်မရတော့ ဘူး ” လို့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ထို့ကော်ကိုး လမ်းက ၆ ဘီးအထက် ကုန်ကား၊တွဲကားကြီးတွေကို သွားလာခွင့်ပိတ်ထားတာကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ အနီးက ကားဝန်းထဲမှာ ကုန်တွေတင်ပြီး ပိတ်မိနေတဲ့ ၂၂ ဘီး တွဲကားအစီးရေ ရာနဲ့ ချီရှိနေတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *