စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် စက်သုံးဆီ ဝယ်ယူရရှိရေး အခက်အခဲက အဓိကစိန်ခေါ်မှုဖြစ်လာ

ဒီဇင်ဘာ ၁၈

စပါး၊ ပဲမျိုးစုံ အပါအဝင် စိုက်ပျိုးသီးနှံအချို့ ဈေးနှုန်း အထိုက်အလျောက်ရရှိရန် အခွင့်လမ်းများရှိနေချိန်တွင် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးအတွက် စက်သုံးဆီ ဝယ်ယူရရှိရေး အ ခက်အခဲက အဓိက စိန်ခေါ်မှုကြီး တစ်ခုဖြစ်လာတယ်လို့ လယ်သမားများကပြောလာကြပါတယ်။

ရိတ်သိမ်းချွှေလှေ့စက်မောင်းနှင်ရန်၊ ထွန်ယက်စိုက်ပျိုးရေန်အတွက် စက်များမောင်းနှင်ရန်အပါအဝင် စိုက်ကွင်း များ အတွင်းသို့ စိုက်ပျိုးရေသွင်းခြင်းကအစ ဒီဇယ်၊ ဓာတ်ဆီကို သုံးစွဲနေရချိန်တွင် လက်ရှိကြုံနေရသည့် စက် သုံး ဆီ ရရှိရေး အခြေအနေက လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အတားအဆီးတစ်ခုဖြစ်လာတယ် လို့ဆိုကြပါ တယ်။

” ဆိုင်ကြီးတွေကမှ လယ်ယာသုံးဖို့ကို မရောင်းပေးတော့ ကျွန်တော်တို့မှာ ရောင်းတဲ့ဆီကနေ ရတဲ့ဈေးနဲ့ပဲဝယ် နေရတာပေါ့။ဒါတောင် တစ်ပေပါပဲ ဝယ်ရဲတယ်။ လယ်ယာလုပ်ငန်းသုံးဖို့က ဒီဇယ်ကို ကြိူဝယ်ထားမှအဆင် ပြေ တာလေ ” လို့ ရိတ်သိမ်းခြွေလှေ့ စက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စက်သုံးဆီဈေးမြင့်တက်ခြင်း ၊ လိုအပ်တဲ့ပမာဏကိုဝယ်ယူလို့မရခြင်းကြောင့် မတ်ပဲစိုက်ခင်း ၊ ကြက်သွန် စိုက် ခင်း တွေကို ရေသွင်းဖို့အတွက်လည်း ကုန်ကျစရိတ်တွေမြင့်တက်နေရသကဲ့ ဆီမရသဖြင့်  စိုက်ပျိုးရေ မသွင်း နိုင်သော တောင်သူများလည်းရှိနေပါတယ်။

” တင်နေရင်း ဆီပြတ်သွားလို့ရပ်ထားတယ်။ ဆီထပ်ဝယ်ဖို့ကလည်း.သူတို့ရောင်းပေးမယ့်အချိန်ကို တန်းစီမှရ မယ်။ဟိုပြေးတန်းစီဒီဆိုင်ပြေးနဲ့အချိန်ကုန်တယ်” လို့ မတ်ပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။

လက်ရှိ စက်သုံးဆီ အရောင်းဆိုင်များထံမှ လိုအပ်တဲ့ပမာဏအတိုင်းဝယ်ယူလို့မရသေးတဲ့အပြင် အချိန်ပိုင်းသာ ရောင်းချပေးခြင်း ၊ တန်းစီဝယ်ယူရခြင်း စတဲ့အခက်အခဲတွေကြောင့် မှောင်ခိုပုံစံ ဈေးမြင့်တိုးပေးကာဝယ်ယူ သုံး စွဲ နေရဆဲ လို့ လယ်သမားတွေကပြောပါတယ်။

နယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တွေမှာလည်း ဓာတ်ဆီကို ဆိုင်ကယ်တစ်စီး  ၃၀၀၀ မှ ၅၀၀၀ အထိသာ အ များ ဆုံးရောင်းပေးနေပြီး ပါဆယ်ပုံးနဲ့မရောင်းသလို  ဒီဇယ်ကိုလည်း ကားတစ်စီး  ၅၀၀၀၀ ဖိုးသာ အကန့်အ သတ်နဲ့ ရောင်းချပေးနေပြီး ပါဆယ်ပုံးနဲ့ ရောင်းချမပေးတာကြောင့် အပြင်ကနေ ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲ ကြရတယ်။

ထို့ကြောင့် ပြင်ပဈေးကွက်တွင် ဒီဇယ် တစ်ပေပါ ကျပ်၅သိန်းကျော်မှ ၁၀ ကျော်အထိ ဈေးနှစ်ဆမြင့်တက်မှုကို စိုက်ပျီုးထုတ်လုပ်ရေး လုပ်ဆေင်နေသည့် တောင်သူများ၊ ၊ ရိတ်သိမ်းခြွေလှေ့စက် အငှား လိုက်ခြင်းအပါအဝင် လယ်ယာကဏ္ဍ ဝန်ဆောင်မှု လုပ်ငန်း လုပ်ဆောင်သူများကြုံတွေ့နေရပါတယ်။

ထို့ကြောင့် စပါးရိတ်ခြွေဖို့ကျန်နေသေးတဲ့ ဧရာဝတီတိုင်း၊ ပဲခူး၊မန္တလေး၊စစ်ကိုင်း၊မကွေး၊ရခိုင်၊ချင်းပြည်ဘက် တွေမှာ ဒေသအပေါ်လိုက်ပြီး စပါးရိတ်ခြွေစက်နူန်းထားတွေကလည်း ပုံမှန်နူန်းထားထက် ပိုပြီးမြင့်တက်သွားပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *