ရေကျနောက်စိုက်နှင့် နွေစပါးစိုက်လယ်သမားများကို တစ်ဧက ဒီဇယ် ၄ဂါလံရောင်းပေးမည်ဟု(MPPA) ကြေငြာ

ဒီဇင်ဘာ- ၁၉

ရိတ်သိမ်းချိန် စက်သုံးဆီဝယ်ယူရရှိရေး အခက်ကြုံနေရသော တောင်သူလယ် သမားများနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများကို တစ်ဧကလျှင် ဒီဇယ် ၄ဂါလံ ရောင်းချပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ် လုပ်သူ များအသင်း (MPPA)က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ အချိန်သည် မိုးရာသီတွင် စိုက်ပျိုးရန် ခက်ခဲသော ရေကြီးကွင်း၊ ရေနက်ကွင်းများ(ရေကျနောက်စိုက်)မှ စပါးများနှင့် ပေါ် ဆန်း ကဲ့သို့ သက်ကြီးစပါးများ ရိတ်သိမ်းချိန်ဖြစ်သောကြောင့် တောင်သူလယ်သမား များအ တွက် စက် သုံးဆီ လိုအပ်ချက်ရှိနေပါတယ်။

“ဒီရက်ပိုင်းမှာ ဆီဝယ်မရတော့ အသင်းကရောင်းပေးရင်ကောင်းတာပေါ့”လို့ ပဲခူးတိုင်းမှ လယ်သမားကြီးတစ်ဦး က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ဒီဇယ် အပါအဝင် စက်သုံးဆီ ဝယ်ယူရရှိရေး အခက်အခဲကို တောက်သူလယ်သမားများ ကြုံတွေ့နေရပါတယ်။ရာသီဥတုအပြောင်းအလဲမြန်မှုကြောင့် ကျွဲ၊ နွားများ အစား စက်များကို အစားထိုးသုံးစွဲ နေသော တောင်သူ လယ်သမားများ၏ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးတွင် ဒီဇယ်အပါအဝင် စက်သုံးဆီ များက အ ဓိက အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

လက်ရှိ ဒီဇယ် အပါအဝင် စက်သုံးဆီ အကျပ်အတည်းက ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သ မားများသာမက ပဲမျိုးစုံ စိုက်ပျိုးသူများ၊ ကြက်သွန် စိုက်ပျိုးသူများ အပါအဝင် စိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍတစ်ခုလုံးအတွက် စိန်ခေါ်မှုကြီး တစ်ခုဖြစ်နေပါတယ်။

(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *