နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အချို့ ပိတ်ခြင်းကြောင့် ငရုတ်ပေါ်ချိန် ဈေးကျဆင်း

ဒီဇင်ဘာ- ၁၉

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပိတ်နေခြင်းကြောင့် ငရုတ်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုကို စိုက်ပျိုး သူတောင် သူများ ကြုံတွေ့နေရပါတယ်။

စတင်စိုက်ပျိုးချိန်တွင် သွင်းအားစုဈေးနှုန်းနှင့် အလုပ်သမားခ ကုန်ကျစရိတ်ကြီးမားစွာ စိုက်ထုတ်ခဲ့သော်လည်း သီးနှံပေါ်ချိန်တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ မတင်ပို့နိုင်ဘဲ ထိုင်းနိုင်ငံသို့သာ တင်ပို့ရောင်း ချ နိုင်ခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှုဒဏ်ကို တောင်သူများ ခံစားနေရခြင်းဖြစ်ပါတယ်။

“တောင်သူတွေအနေနဲ့ ဒီနှစ် အတိုင်းတာ ဒီဈေ နဲ့ မကိုက်ဘူး ။သွင်းအားစုဈေးတွေ အလုပ် သမားခတွေလဲ ကျန်သေးတယ် ။ ပို့ကုန်ဝင်ငွေ မှုဝါဒ တွေလဖြေလျော့တယ်ဆိုပေမယ့် တောင်သူတွေက အဲ့ကိစ္စတွေ သိပ်နား မလည်းကြဘူး ။သူတို့ပေးတဲ့ ဈေးနဲ့ တောဈေး ပေါက်ဈေး လောက်ပဲ အဆင်ပြေသလိုသွားနေရတာ”လို့ ငရုတ်စိုက် တောင်သူတစ်ဦး ကပြောပါတယ်။

ပြီးခဲ့သည့်နှစ် ငရုတ်ပေးချန်တွင် တစ်ပိသာ ကျပ်၃၀၀၀ ကျော်ဈေးဖွင့်နိုင်ခဲ့သော်လည်း ယခုနှစ် ဒေသအခြေ အနေမတည်ငြိမ်မှု ၊ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်နေမှုက ကုန်စည်သှိလှောင်ရေး ခက်ခဲပြီး ဈေးပေး ဝယ် ရန် မလွယ်ကူကြောင်း ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် မှ ငရုတ်သီး ကုန်သည် ကိုပိုက်က ပြောပါတယ်။

“တရုတ်လိုင်းတွေ လဲ ပိတ်တယ် ။ ငရုတ်ကသိပ်လဲ မထွက်သေးဘူး ဆိုတော့ ဈေးကွက် က အေးတယ်။ အစိမ်း သက်သက်ကြီးဆိုတော့ သိပ်အများကြီးမလုပ်ရဲ ဘူး ။ပြေးရ လွားရမယ်ဆို အဆင်မပြေဘူး ။အမှည့်ကမှ ဒီတိုင်း ထားရင် အခြောက်ရဦး မယ်  “လို့ ၎င်းကပြောပါတယ်။

ယခင်နှစ် ငရုတ်ပေါ်ချိန်က စိုက်ပျိုးထုတ်လုပ်ရာဒေသ၏ဈေး နှုန်းက ငရုတ်စို တစ်ပိဿလျှင် ၃၈၀၀ အထိ ဈေး ဖွင့်ခဲ့ပြီး လက်ရှိ ငရုတ်ရာသီတွင် ပျှဉ်းမျှ တစ်ပိဿာလျှင် ၁၃၀၀ကျပ် မှ၁၅၀၀ ကျပ် ကြား ဈေးဖွင့်ပါတယ်။ ဈေးကွက်အတွင်း လက်ရှိ ငရုတ်ပေါက်ဈေးက စိုက်ပျိုးသူများ၏ အရင်းသာရှိသဖြင့် အကျိုးအမြတ်မရှိသည် ကိုလ ည်း တောင်သူအချို့ကပြောပါတယ်။

လက်ရှိ ငရုတ်ဈေးကွက်မှာ ပြည်တွင်းစားသုံးသူကိုသာ အဓိကထားနေရခြင်း ဈေးထပ်မံ ကျဆင်းရန် လက်တလောမဖြစ်နိုင်သော်လည်း ငရုတ်အထွက်များလာလျှင် ဈေးနှုန်းမည်ကဲ့သို့ဖြစ်လာမည်ကို မသိရှိကြောင်း တောင်သူတွေကပြောပါတယ်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *