နှစ်ကူးကာလတွင် ဖရဲ၊ သခွှားမွှေး သစ်သီးဈေးနှုန်းများ ပြန်လည်ပြင်တက်လာမယ်လို့ ခန့်မှန်း

ဒီဇင်ဘာ- ၁၆

တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းသွားခြင်းကြောင့် နယ်စပ်တွင် မြန်မာ ဖရဲ၊ သခွှားမွှေး သစ်သီးဈေးနှုန်းများ ကျဆင်းနေ သော်လည်း နှစ်သစ်ကူးချိန်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာမယ်လို့ ကုန်သည် အချို့ ကခန့်မှန်းကြ ပါတယ်။
ဒီဇင်ဘာ လဆန်းပိုင်းက နိုင်ငံအနှံမိုးရွာသွန်းမှုကြာင့် ဖရဲ၊ သခွှားမွှေး သစ်သီးများ၏ အရည်အသွေး ထိခိုက်ပြီး လက်ရှိ မြန်မာ၊ တရုတ ်နယ်စပ် မိုင်းလားတွင် သစ်သီးတစ်တန်လျှင် တရုတ်ငွေ ယွမ်၂၀၀၀(၁ယွမ်=၄၇၈ ကျပ်ြ ဖင့် ၉၅၀၀၀၀ကျော်)မှ ၃၀၀၀(ကျပ် ၁၄၀၀၀၀ကျော်) အကြာ းဈေးဖွင့်ရောင်းနေရတယ်လို့ ၎င်းတို့ကပြာပါ တယ်။

ယခင်က ဖရဲ တစ်တန်လျှင် ယွမ်၅၀၀၀ (ကျပ် ၂၃ သိန်းကျော်) အထိ ဈေးဖွင့်ရောင်းချနိုင်ခဲ့ပါတယ်။

“မိုးမိထားတာတွေ ဈေးကွက်ထဲကျန်နေတော့ နောက်နှစ်ပိတ်လောက်မှ ဈေးပြန်လိုက်လာမယ်။ အရည်အသွေး ကောင်းအသီးတွေ ပိုပြီး ဈေးရနိုင်တာပေါ့”လို့ ဖရဲ၊သခွှားမွှေး သစ်သီး ကုန်သည်တစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွှား သစ်သီးများကို ပွင့်လင်းရာသီတွင် နေ့စဉ် တန်ချိန် ထောင်ချီတင်သွင်းနေသောနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ယခုနှစ်တွင် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်နေခြင်းကြောင့် မိုင်းလားနယ်စပ်မှ တဆင့် မြန်မာ့သစ်သီးများကိုတင်ပို့နေ ရခြင်းဖြစ် ပါတယ်။

ခရီးလမ်းကြောင်း ရှည်ကြာပြီး ကုန်ကျစရိတ်များသော်လည်း စိုက်ပျိုးသူတောင်သူများ၏ ရင်းနှီးမြုပ်နှံမှုများ ဆုံး ရှုံး မခံ နိုင်ခြင်းကြောင်း လမ်းကြောင်းသစ်များ ရှာဖွေတင်ပို့နေသော်လည်း ရာသီဥတုအတားအဆီးက သစ်သီး အ ရည်အသွေးပိုင်းကို ထိခိုက်စေတယ်လို့ ကုန်သည်အချို့ကပြောပါတယ်။

“အခုဈေးကတော့ ရှုံးတာပေါ့၊ ကုန်စိမ်းသီးနှံဆိုတာ့ ထားမရတော့လည်း ရတယ့်ဈေးနဲ့ ရောင်းရတာပေါ့”လို့ ဖရဲ စိုက်ပျိုးသူတောင်သူတစ်ဦးကပြောပါတယ်။

ဖရဲ၊ သခွှား စိုက်ပျိုးရေး လုပ်ငန်းသည် အလောင်းအစား ဆန်ပြီး အကျိုးအမြတ်ရသည့် နှစ်များတွင် အမြတ်များ သကဲ့သို့ ဆုံးရှုံးမှုများ ကြုံလာပါက စိုက်ပျိုးသူတောင်သူများကို များစွာ အခြေအနေဆိုးစေတယ် လို့ဆိုပါတယ်။

ယခင်က ပွင့်လင်းရာသီချိန်တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သွှား တင်ပို့ ရောင်းချမှုက ၁၂ ဘီး ကားအစီးရေ ၅၀၀၊၆၀၀ ဝန်းကျင်အထိရှိတယ်လို့ ကုန်သည်အချို့ကပြောပါတယ်။လက်ရှိ မိုင်းလား နယ် စပ် သို့ ဖရဲကားအစီး ၅၀ ၊သခွှားမွှေး ကား ၁၀စီးကျော်သာ တင်ပို့နိုင်သေးကြောင်း ကုန်တယ်တွေ ကပြောပါ တယ်။

မြန်မာပြည်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့အပါအဝင် ဒေသအချို့မှ ဖရဲ၊ သခွှာမွှေးကို စိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနည်းငယ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် ပြည်ပတင်ပို့မှု အနည်းငယ်ရှိခဲ့သော် လည်း အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *