ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှု ဇွံဖြိုးတိုးတက်ရေး ကာလတိုချေးငွေရယူရန် MRF ဖိတ်ခေါ်

ဒီဇင်ဘာ-၂၀

နွေစပါးစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရန် တစ်ဧက ကျပ်၄သိန်း ချေးငွေ ထုတ်ချေးမည့် ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကာလတိုချေးငွေကို လယ်သမားကြီးများ လျှောက်ထားရန် ဖိတ်ခေါ်ကြောင်း မြန်မာ နိုင်ငံဆန် စပါးအသင်းချုပ်(MRF)က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် ချေးငွေရယူလိုသည့် လယ်၁၀ ဧကအထက် ပိုင်ဆိုင်ထားသော တောင်သူလယ် သမားကြီးများသည် ပုံစံ(၇)ကို တင်ပြ လျှောက်ထားပြီး ချေးငွေရယူရမှာဖြစ်ပါတယ်။ ချေးငွေသက်တမ်းက ၄ လမှ ၅လ ကြာမည်ဖြစ်ပြီး တစ်နှစ် အတိုးနှုန်းက ၁၀ရာခိုင်နှုန်း ဖြင့် ထုတ်ချေးပေးရန် ပြည်တွင်းဘဏ် များနှင့် ညှိနှိုင်းထားတယ်လို့ ကြေငြာချက်တွင် ဖေါ်ပြထားပါတယ်။လယ်သမားတစ်ဦးအနေဖြင့် ဧက၁၀၀ အ ထိချေး ငွေရယူနိုင်မည့် အစီစဉ်ဖြစ်ပါတယ်။

“တစ်ဧက ၄သိန်းရမယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒီဇယ်အလွယ်ဝယ်ရရင်တော့ အတော်ကို အဆင်ပြေနိုင်ပါ တယ်”လို့ ကျွဲပွဲမြို့နယ်မှ လယ်သမားတစ်ဦးကပြောပါတယ်။

နွေစပါးသည် ရေသွင်းစိုက်ပျိုးရသည့် အခြေအနေမျိုးရှိသကဲ့သို့ ဓာတ်မြေသြဇာ သုံးစွဲမှုကလည်း များစွာလိုအပ် တယ်လို့ ၎င်းကပြောပါတယ်။

မြန်မာနိုင်ငံတွင် နွှေစပါးစိုက်ဧက နှစ်သန်းကျော်ရှိနေပြီး လက်ရှိချေးငွေ အစီအစဉ်ကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း နှင့် နေပြည် တော် ကောင်စီ နယ်မြေရှိ လယ်မြေဧက တစ်သိန်းအတွက် ကျပ်၄၀ဘီလီ ယံဖြင့် ကနဦးအကောင် အထည်ေဖေါ်ဖို့ စီစဉ်ထားတယ် လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်ချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ်။

ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုနှင့် တိုက်ရိုက်ကြုံတွေ့ရမည့် ၂၀၂၄ နွေစပါးစိုက်ပျိုးရေး လုပ်ငန်း များသည် စိန်ခေါ်မှုအချို့ ကြုံတွေ့နိုင်တယ်လို့ လယ်သမားအချို့ကခန့်မှန်းနေပါတယ်။လက်ရှိ ကြုံနေရသည့် ဒီဇယ်အပါအဝင် စက်သုံးဆီ ဝယ်ယူရရှိရေး အခက်အခဲကလည်း စိုက်ပျိုးရေး အောင်မြင်မှုကို အတားအဆီးဖြစ် နိုင် တယ်လို့ပြောပါတယ်။

ထိုအခြေအနေကို ထိန်းရန်အတွက် ရေကျနောက်စိုက်နှင့် နွေစပါးစိုက်လယ်သမားများကို တစ်ဧက ဒီဇယ် ၄ဂါ လံ ရောင်းပေးမယ်လို့ MRF၏ ညီနောင်အသင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ် လုပ်သူ များ အသင်(MPPA) ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

AMIA

Leave a Reply

Your email address will not be published. Required fields are marked *