ပို့ကုန် ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီတင်သွင်းရန် သုံးစွဲခွင့်ပြုခြင်းက လယ်ယာထွက်ကုန် တင်ပို့မှုတိုးမြှင့် နိုင်ဟုဆို

ဒီဇင်ဘာ-၂၂

ဆန်၊ပြောင်း၊ ပဲမျိုးစုံ ပြည်ပတင်ပို့ ရောင်းချရာမှ ရရှိသော ပို့ကုန်ရငွေမှ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်း ခြင်းအတွက် ပြန်လည်သုံးစွဲရန် ဖြေလျာ့ ပေး မှုက လယ်ယာထွက်ကုန်ပြည်ပတင်ပို့မှု တိုးမြှင့်ရေးအတွက် အ ထောက်အကူဖြစ်စေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့ကပြောပါတယ်။

ဆန်၊ပြောင်း၊ ပဲမျိုးစုံ ပြည်ပတင်ပို့ ရောင်းချရာမှ ရရှိလာသော ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ပို့ကုန် လုပ်ငန်းရှင် များကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်)စက်သုံးတင်သွင်းသော company များသို့ ရောင်းချခွင့်ပြုထားပြီး ထိုသို့ ရောင်းချမည်ဆိုပါက AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချနိုင်ရေးနှင့် ပက်သက်သော လုပ်ငန်းစဉ်ကို မြန်မာနိုင် ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က အသိပေးချက်ထုတ်ပြန်ထားပါတယ်။

“ပို့ကုန်သမားအတွက် မျက်နှသာပေးတယ့်သဘောပေါ့။Expotကတော့ တက်လာနိုင်တယ်”လို့ ပြည်ပပို့ကုန် လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလတ်များအရ ယခုဘဏ္ဍာနှစ် ၈လခွဲအတွင်းမြန် မာ နိုင်ငံမှ ပြည်ပပိုကုန် ပမာဏ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကျော်သာ တင်ပို့နိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁ဒသမ၇ဘီလီယံ ကျော်လျော့နည်းနေ ပါ တယ်။

ပြည်ပပို့ကုန်တွင် ဆန်၊ပြောင်း၊ ပဲမျိုးစုံ တင်ပို့မှုက ဒေါ်လာ၂ဒသမ၁ဘီလီယံကျော်သာ တင်ပို့နိုင်ပြီး ပြးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၈၀ ကျော်လျော့နည်းပါတယ်။

ယခုနှစ်ကုန်ပိုင်းတွင် ဗဟိုဘဏ်၏ နိုင်ငံခြားငွေနှင့် ပက်သက်သော ဖြေလျော့မှုများ၊ စားနပ်ရိက္ခာဖူလုံရေးအ တွက် အိန္ဒိယ နိုင်ငံ ပဲမျိုးစုံ ဝယ်ယူစုစောင်းမှုများနှင့် အာဆီယံနိုင်ငံအချို့နှင့် ပြောင်းဆန်အရောင်းဝယ် နား လည် မှုစာချွန်လွှာ( MOU) လက်မှတ်ရေးထိုးနိုင်မှုတို့ကြောင့် အနာဂတ် ပြည်ပ လယ်ယာထွက်ကုန်များ တင် ပို့ရောင်းချမှုက မျှော်လင့်ချက်ရှိနေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။

(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *