မြန်မာ့ ကျွဲကောကို နိုင်ငံတကာ ဈေးကွက်တင်ပို့ရန် စီစဉ်နေ

ဒီဇင်ဘာ ၂၁

မြန်မာ့ကျွဲကောသီးကို ပန်းရောင်-၁ အမျိုးအစားကို GI မှတ်ပုံတင်ရပြီး ပြည်ပဈေးကွက် တင်ပို့ရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံကျွဲကောသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း ကပြောပါတယ်။

မွန်ပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်သည့် ပန်းရောင်-၁ အမျိုးအစား ကျွဲကောသီးကို ပထမဆုံး GI မှတ်ပုံတင်ရ ရှိရေးအတွက် တာဝန်ရှိတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

“ပန်းရောင် ၁ အမျိုးအစားကျွဲကောသီးကို လက်ရှိ ကျွန်တော်တို့ ဈေးကွက်ကလည်းလက်ခံတယ် စားသုံး သူ လည်းသိတယ် နာမည်လည်းကြီးတယ်ပြောလို့ရှိရင် ရောင်းသူစားသူ ဈေးကွက်ရှိတယ်။GI ရသွားရင်တော့ မြန်မာ့ကျွဲကောအမယ်တတခုအနေနဲ့ နိုင်ငံခြားဈေးကွက်ကိုထိုးဖောက်လို့ပိုအဆင်ပြေမယ် ပိုလည်းကောင်း သွားတယ် ” လို့ ဦးမြင့်သိန်းက ရှင်းပြပါတယ်။

GI ဒေသဆိုင်ရာအညွှန်းဟာ မူရင်းဒေသကို အထူးဖော်ညွှန်းပြီး ထင်ပေါ်ကျော်ကြားတဲ့ ကုန်စည်နဲ့ တွဲဖက်အ သုံးပြု ဖော်ပြနိုင်တဲ့အမှတ်အသားဖြစ်ပြီး စားသုံးသူတွေအတွက်လည်း ယုံကြည်စိတ်ချစွာစားသုံးနိုင်ကြောင်း ဖော်ညွှန်းတဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။

ကျွဲကောသီးကို ပြည်ပဈေးကွက်ကိုတင်ပို့မယ်ဆိုရင် သီးနှံတမျိုးထဲဖြစ်ဖို့လိုသလို အမျိုးအစားတမျိုးထဲ ဖြစ်ဖို့ လိုတာကြောင့် Export အတွက် စိုက်ပျိုးမှုပိုင်းဆိုင်ရာအတွက် တောင်သူတွေကို အသိပညာပေးတဲ့ ကိစ္စတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာ့ကျွဲကောသီးသည် ခရီးအဝေးကို သယ်ယူပို့ဆောင်တဲ့အခါမှာလည်း အထိခိုက် ဒဏ်ခံနိုင်ရည်ရှိခြင်း၊ ရော ဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ အသီးမှည့်ပါကလည်း ကြွေကျတာမျိုးမရှိဘဲ ဈေးကောင်းရတဲ့အထိ အထားခံခြင်း ၊ ကျန်းမာရေးအတွက်လည်း ကောင်းတာကြောင့် ပြည်ပဈေးကွက်ကို တင်ပို့နိုင်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ တော့ ကျွဲကော်သီးကို ပြည်တွင်းမှာတော့ မန္တလေးဈေးကွက်နဲ့ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချနေတာဖြစ်ပါတယ်။ကျွဲကောသီးဟာ တစ်နှစ်မှာ နှစ်ကြိမ်အများဆုံးထွက်ရှိတဲ့လတွေက ဩဂုတ်လမှ စပြီး နိုဝင်ဘာလဆန်းပိုင်းမှာတကြိမ်၊ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိတကြိမ် ဖြစ်ပြီး ကျန်တဲ့ ရာသီတွေ မှာလည်း အနည်းငယ်ထွက်ရှိတယ်လို့သိရပါတယ်။

ကျွဲကောသီးကို မွန်ပြည်နယ်မှာအဓိကအများဆုံးစိုက်ပျိုးမှုရှိပြီး ကျန်တဲ့ ရန်ကုန်၊မန္တလေး၊ပဲခူး၊ တနင်္သါရီ၊ က ရင်ပြည် နယ်၊ရခိုင်ပြည်နယ်တွေမှာလည်း အနည်းငယ် စိုက်ပျိုးပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *