ငွေလဲနှုန်းနှင့် လိုက်ပါ ဈေးဖွင့်သော ကုလားပဲဈေး မငြိမ်သော်လည်း ပြည်တွင်းစားသုံးသည့် ပဲကြီးဈေးငြိမ်

ဒီဇင်ဘာ ၂၃

ပြည်ပဈေးကွက် တင်ပို့မှုရှိနေသော ကုလားပဲက နိုင်ငံခြားငွေလဲနှုန်း အတက်အကျပေါ်မူတည်ပြီး ဈေးနှုန်းအ ပြောင်း အလဲရှိသော်လည်း  ပြည်တွင်းအဓိကစားသုံးသည့် ပဲကြီးနှင့် ကုလားပဲ ဈေးနှုန်းက တည်ငြိမ်နေတယ် လို့ ကုန်သည်အချို့ကပြောပါတယ်။

ရာသီဥတုဖေါက်ပြန်မှုကြောင့် အထွက်နှုန်း လျော့နည်းသဖြင့် ပြီးခဲ့သည့် နှစ်တွင် ပဲကြီးဈေးနှုန်း မတည်ငြိမ်ခဲ့ သော်လည်း ယခုနှစ်ရန်ကုန်ဈေးကွက်တွင် ပဲကြီးဈေးအနည်းငယ်တည်ငြိမ်နေပါတယ်။

ပဲကြီးက မနှစ်ကနဲ့ တနှစ်က မထွက်လို့ဈေးတက်တာ ၊ ရာသီဥတုကောင်းရင်ကောင်းသလို မကောင်းသလိုပဲ အထွက်နူန်း ကလျော့ရင်ဈေးကတက်နိုင်တယ်။ကုလားပဲက ပေါ်ဖို့နီးရင် စပ်ကူးမတ်ကူးမှာ တက်ချင်တာပေါ့၊v2 v7 ကတော့ အိန္ဒိယ နဲ့ ပါကစ္စတန်ကို တင်ပို့တာရှိတယ်” လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးက ပြောပါတယ်။

လက်ရှိ အိန္ဒိယနှင့် ပါကစ္စတန်နိုငံများမှ ဝယ်လိုအားရှိနေသော ကုလားပဲက ရန်ကုန်ဈေးကွက်တွင် ကုလား ပဲဖြူလုံး တစ်ပိဿာကို  ၄၆၆၅ မှ  ၄၇၅၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး တစ်ပိဿာကို  ၄၇၅၀ မှ  ၄၈၃၅ ကျပ် ရှိပါတယ် ။မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က  ၂၇၈၀၀၀ ကျပ်၊ ကုလားပဲ v7 ၂၈၀၀၀၀ ကျပ်၊ ကု လားပဲ 929 ၂၆၆၀၀၀မှ ၂၆၇၀၀၀ ကျပ်ဈေးပေါက်လို့ အရင်ရက်ကထက်  တစ်အိတ်ကို ၂၀၀၀ မှ ၃၀၀၀ ကျပ်ပြန်ကျလာတယ်လို့သိရပါတယ်။

့အတူ ရန်ကုန်လက္ကားဈေးကွက်တွင် အမျိုးအစားပေါ်လိုက်၍ ပဲကြီး တစ်ပိသာ ဈေးနှုန်းက ၆၀၀၀ မှ ၇၀၀၀ ကျပ်အကြားဈေးဖွင့်ပြီး တစ်အိတ်ကို ၃၄၀၀၀ မှ ၄၃၀၀၀ ကျပ်အကြားဈေးဖွင့်ပါတယ်။

လက်ရှိမှာ ပဲ ကြီး ၊ ကုလားပဲ သီးနှံတွေကို ပဲခူးအနောက်ခြမ်း ၊ မန္တလေး ၊ မကွေး ၊ရှမ်းပြည်နယ်မှာ စတင်စိုက်ပျိုးနေကြပြီး ဖေဖော်ဝါရီ လကုန် မတ်လ ဆန်းလောက်မှာ ပဲအသစ်တွေ စတင်ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *