ထိုင်း၊ ဗီယက်နမ်ဆန်ထုတ်လုပ်မှုကို နိုင်ငံတကာ ကုမ္မဏီများက စောင့်ကြည့်နေခြင်းကြောင့် မြန်မာဆန်ဝယ်အား လျော့

ဒီဇင်ဘာ-၂၅

အရှေ့တောင်အာရှတွင် ဆန်အများဆုံးတင်ပို့နေတယ့် ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှု အခြေ အနေကို နိုင်ငံတကာ ဆန် ကြီးများက စောင့်ကြည့်နေပြီး ဝယ်လိုအားထိန်းထားသဖြင့် လက်ရှိအချိန်တွင်မြန်မာ မှ ပြည်ပဆန်တင်ပို့ရောင်းချမှု အနည်းငယ် တုန့်နှေးနေတယ်လို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။

ထိုင်းနှင့် ဗီယက်နမ်တို့က ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ လများတွင် ဆန်စပါးအသစ်များ ထပ်မံထွက်လာရန်ရှိနေခြင်း၊ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်း အမြင့်ဆုံးသို့ ရောက်နေသဖြင့် ဆန် ဝယ်ယူနေသော Company ကြီး များက ဈေကွက်စောင့်ကြည့်နေသည့် အခြေအနေမျိုး ဖြစ်နေတယ်လို့ ပြည်ပဆန်တင်ပို့ရောင်းချနေတယ့့််လုပ် ငန်းရှင်အချို့က သုံးသပ်ပါတယ်။

“နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးကမြင့်တော့ ထိန်းဝယ်နေတယ်သဘောပါ”လို့ ပြည်ပကို ဆန်တင်ပို့ နေ တယ့် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ တင်ဒါအောင်ထားသည့် ပြည်တွင်း Company များကသာ ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ပြီး အခြား သောဈေးကွက်ကို တင်ပို့ရောင်းချနိုင်မှုက လျော့နည်းနေပါတယ်။မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ Bulogနှင့် ဆန်တန်ချိန် တစ်သိန်းခွဲဝယ်ယူရေး တင်ဒါအောင်မြင်ထားသဖြင့် လက်ရှိအချိန်မှာ တင်ပို့ရောင်းချမှုများ ပြုလုပ် နေပါတယ်။

လက်ရှိ နုင်ငံတကာဆန်ဈေးကွက်တွင် ဗီယက်နမ်ဆန်က ဈေးအများဆုံးဖြစ်နေပြီး ၅မှတ်(အကျိုးအကြေ ၅ရာခိုင်နှုန်း)ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၃မှ ၆၆၇ ၊ ထိုင်းဆန်က ဒေါ်လာ၆၅၀ ၊မြန်မာဆန်က ဒေါ်လာ ၅၇၀မှ ၅၇၅ ဈေးဖွင့်ပါတယ်။

ယခုဘဏ္ဍာနှစ် ၈လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုက တန်ချိန် ခုနှစ်သိန်းငါးသောင်း ကျော်ရှိနေပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၃၆၁သန်းရရှိထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပိုရာတွင် ယခုဘဏ္ဍာနှစ် စုစုပေါင်းတင်ပို့က ပြီးခဲ့တယ့်ဘဏ္ဍာနှစ် ကာလတူထက် ၅၀ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။ သိုသော် နိုင်ငံတကာဈေးကွက်သို့ ဆန်ရောင်းချရာတွင် ဈေးပိုရရှိခြင်းကြောင့် ဝင်ငွေအနေဖြင့် ၂၅ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းသာလျော့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ရရှိခဲ့ပါတယ်။

(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *