စားသုံးဆီ ဖူလုံရေးအတွက် မွန်နှင့် တနင်္သာရီမှာ နေကြာစိုက်ဧက ၁၂၀၀၀ ကျော်တိုးချဲ့မည် ဟုဆို

ဒီဇင်ဘာ ၂၅

ပြည်တွင်း စားသုံးဆီ ဖူလုံရေးကို အတွက် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ  ဆီထွက်သီးနှံနေကြာ စိုက်ဧက ၁၂၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးသွားမယ်လို့ မွန်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဦးစီးမှူးဦးလှမိုးအောင်က ပြောပါတယ်။

မွန်ပြည်နယ်မှာ အရင်နှစ်က ဆီထွက်သီးနှံ နေကြာ ၆၅၆၁ ဧကသာစိုက်ပျိုးနိုင်ခဲ့ပြီး ခုနှစ်ဆောင်းရာသီမှာ ဆီထွက်သီးနှံ နေကြာဧက ၁၂၂၃၂ ဧက စိုက်ပျိုးမှာဖြစ်တယ်လို့သိရပါတယ်။

” ဆီထွက်သီးနှံ တွေကို ဆီဖူလုံမှုရှိအောင်နှစ်စဉ်တိုးပြီး လျာထားပြီးတော့စိုက်ပျိုးနေတာပေါ့ ” လို့  ဦးစီးမှူး ဦးလှမိုးအောင်ကပြောပါတယ်။

နေကြာစိုက်တောင်သူတွေကို စိုက်ပျိုးစရိတ် အဖြစ် ပြည်နယ်အစိုးရကလည်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုး နိုက်ဖို့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲကနေ တစ်ဧကကို ၂ သိန်းထုတ်ချေးပေးသလို ယူရီးယားဓာတ် မြေ ဩဇာနဲ့သဘာဝဓာတ်မြေဩဇာတွေကိုလည်း ဈေးနူန်း သက်သာစွာဝယ်ယူနိုင်ဖို့ စီမံဆောင်ရွက်ပေးနေ တယ် လို့ဆိုပါတယ်။

လက်ရှိ  မွန်ပြည်နယ် ရဲ့လက်ရှိဆီဖူလုံမှုအနေနဲ့ကတော့ ၁၄ ရာခိုင်နူန်း လောက်သာရှိသေးကြောင်း လာမယ့် နှစ်မှာ ၁၆ ရာခိုင်နူန်း အထိ ဆီဖူလုံမှုရှိအောင် ဆီထွက်သီးနှံ တွေကို ပိုတိုးပြီး စိုက်ပျိုးသွားမှာဖြစ်တယ် လို့သိ ရပါတယ်။

အလားတူ တနင်္သာရီ တိုင်းမှာလည်း ဆီထွက်သီးနှံထဲက နေကြာကို ဧက ၁၀၀ ကျော်အထိစိုက်ပျိုးသွားဖို့ လုပ် ဆောင်နေပါတယ်။နေကြာစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး သီးနှံအထွက်နူန်း ပြည့်မှီရေး ၊ စိုက်ပျိုးရေးနည်း လမ်းတွေ စ သည့် တောင်သူတွေသိသင့်သိထိုက်သော အသိပညာဗဟုသုတတွေကိုလည်း သက်ဆိုင်ရာစိုက်ပျိုးရေး ဌာန တွေက အသိပညာပေးမှုတွေလုပ်နေပါတယ်။

မြန်မာနိုင်ငံ မှာစားသုံးဆီ လိုအက်ချက်ရှိနေတာကြောင့် အစိုးရက ပြည်တွင်းမှာ ဆီထွက်သီးနှံ တွေကို ပိုပြီး တိုး ချဲ့စိုက်ပျိုးဖို့အတွက် စီမံကိန်းချပြီး ဆောင်ရွက်လာနေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *