ပြည်ပပို့ကုန် ဝင်ငွေ ပြန်လည်ဝင်ရမည့် ရက်ကို ဗဟိုဘဏ် လျော့ချ

ဒီဇင်ဘာ-၂၆

ပြည်ပပို့ကုန် တင်ပို့ပြီး ရရှိလာသော နိုင်ငံခြားငွေ နိင်ငံအတွင်း ပြန်လည်ဝင်ရောက်ရမည့် ရက်သက်မှတ် ချက် ကို ဗဟိုဘဏ်က ထပ်မံလျှော့ချကြောင်း ဒီဇင်ဘာ၂၅ရက်နေ့စွဲဖြင့် အမိန့် ကြေငြာစာထုတ်ပြန်လိုက် ပါတယ်။

ဆန်၊ ပြောင်း၊ ပဲမျိုးစုံ အပါအဝင် ပြည်ပပို့ကုန် တင်ပို့သူတစ်ဦးသည် အာရှနိုင်ငံများသို့ ကုန်စည် တင်ပို့ရောင်း ချမည်ဆိုပါက မူလက ကုန်စည်ပို့ပြီး ၄၅ ရက်အတွင်း ပို့ကုန်ဝင်ငွေ နိုင်ငံအတွင်း ပြန်လည်ဝင်ရမည်။

ဗဟို ဘဏ် ၏ ဒီဇင်ဘာ ၂၅ရက် အမိန်ကြေငြာစာတွင် ပို့ကုန်တင်ပို့ပြီး ရက်၃၀( တစ်လ)အတွင်း ပို့ကုန်ဝင်ငွေပြန် လည်ဝင်ရောက်ရမည်ဖြစ်သောကြောင့် ပို့ကုန်ဝင်ငွေ ဝင်ရောက်ရမည့်ရက်ကို ၁၅ရက်ခန့် လျော့ချလိုက်ခြင်း ဖြစ်ပါတယ်။

့အပြင် အာရှနိုင်များ မဟုတ်သည့် အခြားသော နိုင်ငံများသို့ တင်ပို့ရောင်းချသော ပို့ကုန်များ၏ ရောင်းရငွေ ပြန်လည်ဝင်ရောက်ရနည့်ရက်ကို ယခင်ရက် ၉၀ ( ၃လခန့်) အချိန်ပေးထားရမှ ရက်၆၀ ( ၂လခန့်)သို့ လျော့ ချလိုက်ပါတယ်။

“တချို့တွေက ငွေပြန်ဝင်နိုင်ပေမယ့် တချို့တွေကတော့ အခက်အခဲရှိနိုင်တာပေါ့” လို့ ပို့ကုန် သွင်းကုန်လုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်ပပို့ကုန်ဝင်ငွေ ပြန်လည်ဝင်ရောက်ရမည့် ကာလ လျော့ချသက်မှတ်ခြင်းက ပြည်တွင်း နုင်ငံခြားငွေလို အပ် ချက်နှင့် ငွေလဲနှုန်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် ဖြစ်နိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့ကသုံးသပ် ပါတယ်။

လက်ရှိ ဗဟိုဘဏ်က ပြည်ပပို့ကုန် လုပ်ငန်းရှင်များအတွက် ပို့ကုန်ဝင်ငွေနှင့် ပက်သက်ပြီး ဖြေလျော့မှုများ ခွင့်ပြု ပေးထားသကဲ့သို့ တဖက်တွင်လည်း နိုင်ငံအတွက် လိုအပ်နေသော နိုင်ငံခြားဝင်ငွေ ပြန်လည်ရရှိရေးကို စီစဉ်ခြင်း ဖြစ်နိုင်တယ်လို့ ၎င်းတို့ကပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၂၃၀ ကျော်နှင့် ကုန်သွယ်နေပြီး ယခုဘဏ္ဍာနှစ် ၉လ အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် (၁ဘီလီယံ= သန်း၁၀၀၀) ပို့ကုန်တင်ပို့ထားပါတယ်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ပြည်ပို့ကုန်တန်ဖိုးကို ဒေါ်လာ ၁၆ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *