ကြံကြိတ်ရာသီ ကုန်ကြမ်း သယ်ယူပို့ဆောင်ရေး အခက်အခဲက သကြားစက်လည်ပတ်ပတ်ရေး ခက်ခဲဖြစ်စေ

ဒီဇင်ဘာ ၂၇

နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်ကြမ်း ကြံများ သယ်ယူပို့ဆောင်ရေး အတားအဆီးများက သကြားစက်များ လည် ပတ်နိုင်ရေးကို အခက်အခဲဖြစ်စေတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။

စစ်ကိုင်းတိုင်းတွင် ကုန်ကြမ်း ကြံသယ်ယူရေး အခက်အခဲကြောင့် သကြားတန်ချိန်ပေါင်း ၁ သိန်းလောက် ထုတ်လုပ်နိုင်တဲ့ သကြားစက်ရုံကြီးဖြစ်တာကြောင့် စက်ရုံမလည်ပတ်နိုင်ပါက ကြံစိုက်တောင်သူ တွေဒုက္ခ ရောက်နိုင်တယ်အခြေအနေမျိုး ကြုံနေရပါတယ်။

သကြားစက်ရုံမလည်ပတ်နိုင်ပါက ကြံစိုက်တောင်သူတွေအနေနဲ့ ထွက်ရှိတဲ့ ကြံတွေကို သကြားအဖြစ် ကြိတ် ဝါးနိုင်ကခင်းမရှိလို့ သကာရည်အဖြစ်ချက်ပြီးသာ မန္တလေးဈေးကွက်ကို တင်ပို့ရောင်းချရမယ့်အခြေ အနေမျိုး ဖြစ်နေပါတယ်။

“စက်ရုံ မလည်ပတ်နိုင်ရင် စိန်ခေါ်မှုက ကြီးမားတာပေါ့။ စက်ရုံမလည်ပတ်နိုင်ဘူးဆိုပြီး ဈေးကိုတက် ရောင်းလာ တာပေါ့” လို့ မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးမှပြောပါ တယ်။

ပြည်ပကို သကြားတင်ပို့မှုကို လက်ရှိအချိန်တွင် စတင် တင်ပို့နေပြီး ယခုကြံကြိတ်ရာသီမှာ သကြားတန်ချိန် ၁ သိန်းကျော်တင်ပို့ဖို့မျှော်မှန်းထားပါတယ်။နှစ်စဉ်ပြည်တွင်း သကြားအထွက်နှုန်းက တန်ချိန်၄သိန်း ဝန်းကျင်ရှိပါတယ်။

လက်ရှိ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးကျနေပေမယ့် ပြည်တွင်းသကြားဈေးကတော့ မြင့်တက်လာနေပြီး ရန်ကုန် ဘုရင့်နောင် ဈေးကွက်မှာ တစ်ပိဿာကို ၃၉၀၀ ကျပ်မှ ၃၉၃၀ ကျပ်အထိ ဈေးပေါက်နေပြီး မန္တလေး ဈေးကွက်မှာလည်း တစ်ပိဿာကို ၃၈၀၀ ကျပ်လောက်အထိ ရှိလာတယ်လို့သိရပါတယ်။

ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးက  သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ  ၆၀၀ ကျပ်ကျော်ရုံသာရှိနေတယ်လို့ဆိုပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *