ပဲတီစိမ်းစျေးအတက်စျေးတွင် ငြိမ်နေပြီး စျေးကွက်ပြန်အေးလာ

ပြည်ပ အဝယ်ဆွဲနေခဲ့၍ စျေးကွက်ကောင်း လာတဲ့ ပဲတီစိမ်းဈေးက ပြန် အေး သွား ကြောင်း ပဲကုန်သည်များ ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ က ဥရောပနိုင်ငံတွေကို  တင်ပို့ရန် အဝယ်ဆွဲခဲ့တဲ့ အတွက်  ပဲတီစိမ်စျေးကွက်ပြန်ကောင်း လာခဲ့ပြီး လက်ရှိမှာတော့ တရုတ်အဝယ်တခု သာရှိတော့တာ ဖြစ်ပါတယ်

“ ပဲတီစိမ်းက အခြေအနေမကောင်းဘူး။ အောင်လံစျေး ၇သောင်းကို မဝယ်ချင်ကြဘူး ။ တက်ပြီး ပြန်အေး တာ ဘယ်ကနိုင်ငံမှ သိပ်မဝယ်ချင်ကြဘူး “ ဟု အောင်လံ မြို့မှ ပဲကုန်သည်တစ်ဦး က ပြောသည်။ 

အောင်လံ စျေး ပဲတီစိမ်း ပိဿာ၂၀ ကို  ၇သောင်း ပေါက်စျေးရှိ နေပြီး ဘုရ့နောင်ကုန်စည်ဒိုင် မှာတော့ ဇန်နဝါရီ တစ်ရက်နေ့က ပဲတီစိမ်း (ပခုက္ကူ) တစ်ပိဿာလျှင် ၂၆၆၅ ကနေ ၂၉၂၀ သာရှိ ပြီး လက်ရှိမှာတော့  ၂၇၅၀ မှ ၃၀၀၀ကျပ် ထိစျေးတက်နေပါတယ်။

ဇန်နဝါရီ တစ် ရက်နေ့က ပဲတီစိမ်း (ခရမ်း ရွေဝါ)တစ်ပိဿာ ကို  ၃၇၅၀ကျပ် ရှိရာကနေ လက်ရှိ ၃၈၃၀ ကျပ် ရှိလာပြီး တစ်ပိဿာကို ၈၀  ကျပ် ဈေးမြင့်တက်လာပါတယ်။

မကြာခင်ကာ လတွင် ခရမ်း ဘက်ကနေ ပဲတီစိမ်း များ ပေါ်တော့မည်ဖြစ်တယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ တစ်ရက် ကနေ ဒီဇင်ဘာလကုန်အထိ ၉လအတွင်း ပဲတီစိမ်းတန်ချိန် ၃သိန်းဝန်းကျင်တင်ပို့ထားကြောင်း သိရပြီး ထို တင်ပို့မူကနေ အမေရိကန်ဒေါ်လာ ၂၀၃ သန်းကျော်ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့သိရပါတယ်။

အခုနှစ် ပဲစိုက်ပျိုးရာသီ တွင် မြန်မာ့ပဲတီစိမ်း အား ဥရောပနိုင်ငံများ ကို တင်ပို့ရန် အဆိုပြုထားတဲ့  ပုဂ္ဂလိက ကုမ္ပဏီ ၁၀ခု ရှိနေတယ်လို့လည်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ပဲတီစိမ်းကို တရုတ်နိုင်ငံ ကို အဓိက ထား တင်ပို့နေရပြီး ဥရောပ နိုင်ငံ များ ကလည်း ပဲပင်ပေါက် ပြုလုပ်ကာ စားသုံးကြ ၍  တင်ပို့ရောင်းချနေရတယ်လို့ ကုန်သည်တွေ က ပြောပါတယ်။

“ လက်ရှိ တခြား ပဲတွေထပ် ပဲတီစိမ်း ကအေးတယ် ။ဒီဇင်ဘာလ ထဲ မှ တက်ပြီး အခု အတက်စျေး မှာတင် ငြိမ်နေ တာ ။စျေးကွက်အေးနေတယ်။ပြည်တွင်း စားသုံးတဲ့ ကုလားပဲ ၊ပဲကြီး တွေကတော့ အဝယ်ကရှိတယ် ။ “ ဟု မန္တလေးမြို့ မှ ပဲကုန်သည်တစ်ဦး ကပြောပါတယ်။

၂၀၂၃ ခုနှစ် ပဲစိုက်ရာသီမှ စ၍  ဥရောပ သမဂ္ဂနိုင်ငံတွေကို ပဲတီစိမ်း တင်ပို့ရန် စတင် ဆောင်ရွက် ခဲ့တယ်လို့  စီးပွါးရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ  နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီးပဲတီစိမ်း ၂၆ ရာခိုင် နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါတယ်။

လက်ရှိ  ပို့ကုန်တင်ပို့ သူများ အနေနဲ့  ပို့ကုန်တင်ပို့ခြင်းကနေ ရရှိတဲ့ ပိုကုန်ရငွေ ပမာဏ ၏ ၅၀ရာခိုင် နှုန်း အစား ၃၅ရာခိုင်းနှုန်း သာ မြန််မာ ငွေ နဲ့ လဲလှယ် ဆောင်ရွက်နိုင် တယ်လို့ ဗဟိုဘဏ်ကနေ ထုတ်ပြန် ထား ပါတယ်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *