ကြက်သွန်ဖြူစျေး ကောင်း ရနေ 

ကြက်သွန်ဖြူ အသစ်များ ဝင်ရောက်နေသော်လည်း ကြက်သွန်ဖြူစျေးများ ပြန်လည် မြင့်တက်လာ  ကြောင်း ကုန်သည်များ နှင့် စားသုံးသူများ ထံမှ သိရသည်။

ယခုနှစ် ကြက်သွန်ဖြူပေါ်ချိန် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းနေသည့် ကြက်သွန်ဖြူ များ အဝင် နည်း လာသည့် အတွက် စျေးကောင်း ရနေခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။

“ လက်ရှိ ကြက်သွန်ဖြူကတော့ ဈေးတော်တော်လေးကောင်းတယ်လို့ ပြောလို့ရတယ်။ အခုနှစ်ကတော့ နယ်စပ်မှာ တိုက်ပွဲတွေ ဘာတွေဖြစ်တော့ တရားမဝင် ကြက်သွန်တွေ သိပ်မဝင်ဘူး။  ဒါကြောင့် ဈေးကောင်းရနေတာ။  စျေးတွေ က တော့ အမြဲတမ်းပြောင်းနေတော့ စျေးကို ပုံမှန် တင်ရောင်းလို့ မရဘူးဖြစ်တယ် ။”ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကြက်သွန်ပွဲရုံ တခု မှ လုပ်ငန်းရှင် တစ်ဦး ကပြောသည်။ 

ဖေဖော်ဝါရီ ၁၄ရက်နေ့ က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿလျှင် ၉၀၀၀ မှ ၉၂၀၀ အထိ သာရှိ ခဲ့ပြီး လက်ရှိတွင် ၉၂၀၀ မှ ၉၄၀၀ အထိ ပြန်မြင့် တက်လာကြောင်းသိရသည်။

ထို့အပြင် အောင်ပန်း ထူး -၂ တစ်ပိဿာလျှင် ၁၅၈၀၀ မှ ၁၆၅၀၀သို့ လည်ကောင်း၊ အောင်ပန်း ထူး-၃တစ်ပိဿလျှင် ၁၆၂၀၀ မှ ၁၇၀၀၀သို့လည်ကောင်း ၊အောင်ပန်း ထူး- ၅ တပိဿ လျှင် ၁၇၀၀၀ မှ ၁၇၈၀၀ အထိလည်ကောင်း အသီးသီး ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

လမ်းပန်ဆက်သွယ်ရေး အခက်အခဲများ ကြောင့် အဝင်နည်း လာ၍ ရှမ်းကြက်သွန်ဖြူ များ မြင့်တက်နေခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပွဲရုံ တချို့ ကပြောပါသည်။

ပြီးခဲ့ သည့် နှစ် ဖေဖော်ဝါရီ လ ကြက်သွန်ဖြူတစ်ပိဿလျှင် အများဆုံ စျေး၅၀၀၀ ဝန်းကျင်သာ ရှိ ခဲ့ကြောင့် ၃ဆ အထိ ခုန်တက်သွားခြင်း ဖြစ်သည်။ 

“ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကြက်သွန်ဖြူ ပြန်ကျသွားတယ်၊တစ်ပိဿကို ၁၂၀၀၀ ပဲ ဝယ်ရတယ် ။ အခု တစ်ပိဿ ကို ၁၅၀၀၀ ပြန်ဖြစ်နေပြီး စျေးတွေ က တစ်နေ့ နဲ့ တစ်နေ မတူဘူး အမြဲ ပြောင်းနေတယ် ။ “ ဟု ရန်ကုန်၊ ဒဂုံမြို့သစ်မှ  စားသုံသူ တစ်ဦး ကပြောသည်။

ပြည်တွင်းစိုက်တောင်သူ အနေဖြင့်လည်းဈေးကောင်း ရရှိနေကြောင်း အောင်ပန်းကုန်စည်ဈေးကွက်မှ သိရသည်။

လက်ရှိ ရှမ်းပြည်နယ် ဘက်တွင် အထူး ၂ တစ်ပိဿလျှင် ၁၂၀၀၀ ကျပ် ဖြင့် ရောင်းချနေပြီး အထူး ၅ တစ်ပိဿလျှင် ၁၅၀၀၀ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပြီး ဒေသတခုနှင့် တစ်ခု စျေးကွာနိုင်ကာအချိန်မရွေးပြောင်းလဲ နေကြောင်းသိရသည်။

ကြက်သွန်ဖြူကို အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြ ပြီး ဖေဖော်ဝါရီလ နှင့် မတ်လများ ကြက်သွန် အသစ်များ ပေါ် ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *