မျှစ်ခြောက်ကို ပြည်ပနိုင်ငံစျေးကွက်က အမှာစာများပေမယ့်ကုန်ကြမ်းအခက်အခဲကြောင့် တန်ချိန်ပိုတိုးမပို့နိုင်

တနဖြိုးမှှင့ထြုတကြုနဖြှဈတဲ့ မှနမြာ့မွှဈခှောကကြ နိုငငြံတကာစွေးကှကမြှာ အခှအနေကေောငြးပှီး ဝယလြိုအား ကောငြးပမယေ့ြ ကုနကြှမြးရရှိမှုနညြးတာကှောင့ြ  စွေးကှကတြိုးခွဲ့တငပြို့နိုငမြှု မရှိဘဲ ဖှဈနရတေယလြို့ မှနမြာနိုငငြံ ဝါးစိုကပြွိုးရေးအသငြး မွှဈလုပငြနြးအစုအဖှဲ့က သိရပါတယြ။ 

မျှစ်ခြောက်ပြုလုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့သဘာဝ မျှစ်အစိုကို ဝယ်ယူစုဆောင်းရာမှာ ကုန်ကြမ်းရရှိမှု နည်းတာကြောင့် မျှစ်ခြောက်ထုတ်လုပ်မှုလျော့ကျပြီး  ပြည်ပစျေးကွက်ဝယ်လိုအား အမှာစာကို ပြည့်မှီအောင် တင်ပို့နိုင်ခြင်းမရှိဘဲ လိုအပ်ချက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။

” မွှဈပေါခြွိနမြှာ ဝယယြူစုဆောငြးရတာမှာ ကုနကြှမြးကလိုသလောကမြရဘူး။ လိုသလောကမြရတာက စနဈတကနွဲ့ မွှဈတူးဖောတြာအားနညြးနသေေးလို့ပါ။အခုက အလေ့ကပွေါကတြဲ့ သဘာဝအပငတြှကနေပေဲ လိုကခြူးနကှတောပေါ့။စနဈတကစွိုကခြငြးနဲ့ စိုကပြွိုးတာမွိုး လုပဖြို့လိုအပနြတယြေ ” လို့ မှနမြာနိုငငြံ ဝါးစိုကပြွိုးရေးအသငြး မွှဈလုပငြနြး အစုအဖှဲ့ဝငတြဈဦးကပှောပါတယြ။

ဝါးစိုက်ခင်းနဲ့ ဝါးသစ်တော တွေက တစ်နိုင်ငံလုံးအနေနဲ့ နေပြည်တော် ၊ စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း အပါအဝင်မြို့နယ် အချို့မှာရှိပေမယ့်လည်း သဘာဝသစ်တော့ကိုသာမှီခိုပြီး မျှစ်ချိုးခြင်း၊စိုက်ခင်းတည်ထောင်မှုနည်းခြင်း၊ နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသတွေမှာ မျှစ်မချိုးနိုင်ခြင်းစတဲ့အခက်အခဲတွေကြောင့် ကုန်ကြမ်းရရှိမှုနည်းလာတာဖြစ် တယ်လို့သိရပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံက မျှစ်ခြောက်တန်ချိန် ၂၀၀ တင်ပို့ဖို့ကမ်းလှမ်းမှုရှိပေမယ့် တန် ၂၀ သာတင်ပို့နိုင်မယ့်အခြေအနေရှိပြီး တရုတ်ကလည်း မျှစ်ခြောက်ပမာ ထပ်တိုးတင်ပို့ဖို့ကမ်းလှမ်းမှုရှိပေမယ့် ထပ်တိုးတင်ပို့နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

လက်ရှိမှာမျှစ်ခြောက်ကို ဂျပန်၊ တောင်ကိုရီးယား၊တရုတ် ၊ ဟောင်ကောင် ကို တန်ချိန်ပမာအနည်းငယ်သာ တင်ပို့မှုရှိနေတာဖြစ်ပါတယ်။

မြန်မာ့မျှစ်ခြောက် လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ဆိုရင် ဝါးတောတွေကို  ထိန်းသိမ်း ရန် လိုအပ်ပြီး အစိုးရသက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေ အပြင်  လုပ်ငန်းရှင်၊  ပြည်သူ၊ ပညာရှင်အားလုံး    ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။

 မျှစ်ခြောက် ပြုလုပ်ရန်အတွက် မျှစ် အစိုကို နှစ်စဉ် ဇူလိုင်လမှ  စက်တင်ဘာလ အထိ စုဆောင်းပြီး ယင်းမျှစ်ကို နိုဝင်ဘာလမှ မတ်လကုန် အထိ အခြောက်ခံကာ ပြည်ပကို   တင်ပို့ရောင်းချ ခြင်းဖြစ်တယ်လို့်သိရပါတယ်။

နိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချရာမှာ  ဝါးဘိုးဝါးမှ ထွက်ရှိတဲ့ ဝါးမျှစ်ခြောက်သာ ဈေးကွက်ဝင်ကြောင်း၊ ဝါးမျှစ်ကို ပြုပြင် ပြီး ကုန်ချောထုတ်လုပ်ရာမှာလည်း  ဓါတုဆေးဝါး မပါဖို့ အထူးဂရုစိုက်ရပြီး အကယ်၍ ဓါတုဓါတ်ကြွင်းပါဝင်ခဲ့ပါက ဈေးကွက်ပျက်နိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

မချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *