ကျဆင်းနေတဲ့ပြောင်းစျေးကွက်ကြောင့် တောင်သူကိုယ်တိုင် ရန်ကုန်တိုက်ရိုက် ပြောင်းဆံ တင်ပို့ရောင်းချနိုင်ဖို့ လုပ်ဆောင်နေ

ပြောင်းစျေးကွက် ကျဆင်းနေပြီး ပြောင်းစိုက်ပျိုးရာဒေသတွေမှာ ပြောင်းဝယ်လိုအားပါကျဆင်းနေတာကြောင့် ပြောင်းစိုက်တောင်သူတွေ ယခုဖြစ်ပေါ်နေတဲ့ ပေါက်စျေးထက် စျေးနူန်းပိုမိုရရှိစေရေးအတွက်တောင်သူတွေတိုက်ရိုက် ပြောင်းတင်ပို့ရောင်းချနိုင်ရန် အသင်းမှကူညီဆောင်ရွက်ပေးခြင်း ဖြစ်တယ်လို့သိရပါတယ်။

” ပြောင်းဈေးယခု‌ပေါက်ဈေးထက်ပိုရအောင်လုပ်ဆောင်နိုင်ပါပြီ။ရန်ကုန် ကို  ပြောင်းရောင်းမယ့်သူ ကိုယ်တိုင် ရောင်းမယ့် ပြောင်းကို သယ် လာခဲ့ဖို့ လိုပါတယ်။ကိုယ်စားလှယ် လွှတ်ခြင်း လက်မခံပါဘူး၊ငွေ လက်ခံယူ မှု့ကို ပြောင်းပိုင်ရှင် ရောင်းသူကိုယ်တိုင် ရယူဖို့ ဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ အသင်းဝင်ဖြစ်ဖို့လိုပါတယ်၊အသင်းဝင်မဟုတ်ရင် ကူညီပေးလို့မရသေးပါဘူး ” လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်း၀ယ်သူများအသင်းက ဝင်တစ်ဦးကပြောပါတယ်။

ပြောင်းဆံရန်ကုန်သယ်ဆောင်ပြီး တိုက်ရိုက်ရောင်းချနိုင်ပါက တောင်သူအနေနဲ့  အနည်းဆုံးဈေး ပြောင်းဆံ တစ်ပိဿာကို ၁၁၉၄ ကျပ်ဝန်းကျင် ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန် ရောက်ရှိချိန် ပြောင်းဆံအတွက် ဂိုဒေါင်ခ ၊ အလုပ်သမားခ ၊ ကားခေါက်တိုသယ်ခ ၊ သင်္ဘောဆိပ်ကမ်းမှာ ကုန်ကျစားရိတ် ၊ အစိုးရကိုပေးဆောင်ရမယ့် အခွန် တို့ကို ပြောင်းဆံ ရောင်းသူမှ ကုန်ကျခံရမှာဖြစ်လို့ ကုန်ကျငွေ  ခန့်မှန်း ပြောင်းတစ်ပိဿာကို ၅၅ ကျပ်လောက် ကုန်ကျနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မှာ ပြောင်းဆံတစ်ပိဿာကို အမြင့်ဆုံး ၈၅၀ ကျပ်ဝန်းသာ စျေးရရှိပြီး နယ်မြေမတည်ငြိမ်တဲ့မြို့တွေမှာဆိုရင် ဝယ်သူမရှိဘဲ စျေးကအဆိုပါနှုန်းထက်ပိုကျဆင်းနေတယ်လို့သိရပါတယ်။

ဒါကြောင့် ပြောင်းစိုက်တောင်သူ တွေအနေ နဲ့ ရန်ကုန်ကိုသာ ပြောင်းဆံတိုက်ရိုက်တင်ပို့ရောင်းချနိုင်မယ်ဆိုရင် ကုန်ကျစရိတ်နှုတ် ပြီး ပြောင်းတစ်ပိဿာကို ၁၁၃၉ ကျပ်အထိရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မြဝတီမှာ စာရွက်စာတမ်းစုံပါက  ပြောင်းတစ်ကီလိုကို 9.35 ဘတ် စျေးပေါက်ပြီး ထိုင်း စက်ရုံ ပြောင်းစျေးက  တစ်ကီလိုကို 10.45 ဘတ်  ပေါက်ဈေးရှိကြောင်း ၊မြန်မာသင်္ဘောတင်(၀မ်းပုံ)  FOB ပေါက်ဈေးအနေနဲ့က  ပြောင်းတစ်တန် (၆၁၂.၃၉) ပိဿာ ကို 243 ဒေါ်လာရှိကာ အကယ်၍အရည်အသွေးကောင်း

ကှနတြိနနြာ ထည့ြ ပှောငြးဆံဆိုရငတြော့ တဈတနကြို အမရေိကနြ ဒေါလြာ  ၂၅၀ စွေးရရှိတယလြို့သိရပါတယြ။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *