ပြည်တွင်း ဆန်စျေးကွက်အရောင်းအဝယ်အေးပြီး အတက်စျေးနဲ့ငြိမ်နေ

မတ် ၆

ပြည်တွင်းဆန်စျေးကွက် အရောင်းအဝယ်မရှိသလောက်အေးနေပေမယ့် စျေးနူန်းကလည်း  ယခင်ဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးတန်းမှာပဲ ငြိမ်နေတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

ပြည်ပကို ဆန်တင်ပို့နေတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ့ကုန်ရငွေ မူဝါဒကြောင့် Export ဝင်ဆန်ကြမ်းတွေလည်း ငြိမ်နေသလို ဆန်ချောစျေးတွေလည်းငြိမ်နေပြီး ကုန်သည်ကြီးတွေက အရောင်းအဝယ်မလုပ်ကြဘဲ အခြေအနေကိုစောင့်ကြည့်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

” အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ဆန်စျေးကျတယ်ဆိုပြီး ပြောနေကြပေမယ့်မကျပါဘူး။အကျစျေးနဲ့လည်းဘယ်မှာမှဝယ်မရတော့ ကိုယ့်ရှိတာကိုလည်း အများကြီးထုတ်မရောင်းကြဘူး။ပို့ကုန်သမားတွေကတော့ မူဝါဒကြောင့်တင်ပို့လိုမပြေဘူးဆိုပြီးစျေးကိုချဝယ်ပေမယ့် အရောင်းမရှိတာပေါ့။ အရောင်းအဝယ်ကမရှိသလောက်နည်းပါတယ်၊ဆန်စျေးက အရင်အတက်စျေးမှာပဲရှိနေတယ် ” လို့ ရန်ကုန်အခြေစိုက် ဆန်လက်ကား ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဆန် ဆန်ကွဲပြည်ပတင်ပို့မှု ပို့ကုန်ရငွေမှ ပို့ကုန်သမားကိုယ်တိုင် စက်သုံးဆီပြန်လည်တင်သွင်းမှသာ ၇၀ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့လဲလှယ်စရာမလိုပဲ အသုံးပြုနိုင်ပေမယ့် စက်သုံးဆီမတင်သွင်းဘူးဆိုရင်တော့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နူန်းကို ၃၁၅၀ ကျပ်နဲ့ ဗဟိုဘဏ်ကိုရောင်းချရပြီး ကျန်ပို့ကုန်ရငွေ ၃၀ ရာခိုင်နူန်းထဲကမှ ၃၅ %ကို ၂၁၅၀ ကျပ်နဲ့လဲလှယ်ရပြီး ကျန် ၆၅ % ကိုမှ ၃၃၈၀ ကျပ်နဲ့လဲလှယ်ရမှာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ပို့ကုန်သမားတွေက ဆန်ပြည်ပတင်ပို့ရာမှာ တွက်ချေမကိုက်ဟုဆိုကာ  ပြည်တွင်းဆန်ဝယ်ယူရာမှာ စျေးနူန်းလျှော့ချပြီးဝယ်ယူမှု ရှိလာတဲ့အတွက် ဆန်စျေးကွက်ကအရောင်းအဝယ်အေးသွားတာဖြစ်တယ်လို့သိရပါတယ်။

ဒီနှစ်မှာ တောင်သူတွေကိုယ်တိုင် စပါးသိုလှောင်မှုလျော့ကျပြီး ကုန်သည်တွေ၊စက်ပိုင်တွေသာ ဆန်စပါးသိုလှောင်မှုရှိလို့ စျေးကွက်က အကျဘက်ကို ပြန်ဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။

လကရွှိ ပှညတွှငွးဆနစွှေးကှကမွှာတော့ ဆနအွဝါဖောကတွဲ့ ဆနကွှမွးအုပစွုဝငတွောငွ ၂၄ ပှညတွဈအိတကွို ၈၀၀၀၀ ကပှအွထကရွှိပှီး ဆနခွှောအုပစွုဝငွ ဆနတွှကတေော့ ၂၄ ပှညတွဈအိတကွို ၁၀၀၀၀၀ အထကကွနေ ရှေှဘိုပေါထွူးရှယကွ အမှင့ဆွုံး ၂ သိနွးဝနွးကငှအွထိ စှေးတနွးရှိနတယလွေို့သိရပါတယွ။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းကထုတ်ပြန်တဲ့ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၂၅၀၀၀ မှ ၁၃၅၀၀၀ ကျပ်သာရှိပြီး ကျားပျံရှယ်က ၁၀၀၀၀၀ မှ ၁၁၅၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းက ၁၀၀၀၀၀ မှ ၁၁၀၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်းနဲ့ပေါ်ဆန်းနယ်စုံက  က ၁၀၀၀၀၀ မှ ၁၁၀၀၀၀၀ ကျပ်စျေးရှိပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *