အိန္ဒိယကိုသာ ကွမ်းသီးခြောက်တင်ပို့နိုင်ပါက မြန်မာ့ကွမ်းသီးစျေးကွက် ပြန်လည်မြင့်တက်လာနိုင်

မြန်မာ့ ကွမ်းသီးခြောက်များကို  အိန္ဒိယနိုင်ငံကို လစဉ် တန်ချိန် ၂၀၀ တင်ပို့ဖို့ အတွက် အမှာစာလက်ခံရရှိထားပြီး သဘောတူညီမှုစာချူပ် ရေးထိုးကာ တင်ပို့ဖို့ လုပ်ဆောင်နေတယ်လို့  မြန်မာနိုင်ငံကွမ်းသီးစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ ရောင်းချသူများ အသင်းမှသိရပါတယ်။

အိန္ဒိယနိုင်ငံကို လစဉ် ကွမ်းသီး ခြောက်တန်ချိန် ၂၀၀ တင်ပို့ဖို့အတွက် ကနဦးအဖြစ် ၃ နှစ်တင်ပို့ရန် စာချုပ်ချုပ်ဆိုပြီး လက်ရှိမှာ ကွမ်းသီးခြောက်နမူနာ ၁၇ တန်ပါ ကွန်တိန်နာပုံးကို တင်ပို့ထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကွမ်းသီခြောက်တင်ပို့ရမယ့် ပုံစံ ၊ငွေပေးချေမယ့်ပုံစံ စတဲ့လိုအပ်ချက်တွေကို ဆွေးနွေးညှိုနှိုင်းနေတယ်လို့ သိရပါတယ်။

” သူတို့က တစ်လတန် ၂၀၀ ပို့နိုင်လားမေးတယ်။ကျွန်တော်ကိုကလည်းပေးနိုင်တယ်ပေါ့။အခုဆိုနမူနာကွမ်းသီးခြောက်တွေလည်းပို့ပြီးပြီ၊ အဆင်ပြေပြီဆိုတာနဲ့ လစဉ် တန်၂၀၀ ကိုစပို့တော့မှာပါ၊ အိန္ဒိယကိုသာ တင်ပို့မှုလုပ်နိုင်ရင် စျေးကွက်လည်းပြန်ကောင်းလာမှာပါ ၊ ” လို့ မြန်မာနိုင်ငံ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဝင်တစ်ဦးကပြောပါတယ်။ 

အိန္ဒိယ နိုင်ငံကိုသာ မြန်မာ့ ကွမ်းသီးခြောက်ကိုတရားဝင်တင်ပို့နိုင်ပါက မြန်မာ့ကွမ်းသီးစျေးကွက် ပြန်လည်မြင့်တက်လာပြီး  စျေးကောင်းရရှိလာနိုင်တာကြောင့် တောင်သူတွေလည်း ယခုထက်ပိုပြီး တွက်ချေကိုက်နိုင်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ ကွမ်းသီးစျေးကွက်က  ပြည်တွင်းစားသုံးမှုအပေါ်သာ အဓိက မှီခိုနေရတာကြောင့်  ကွမ်းသီးစျေးနူန်း ကျဆင်းနေပါတယ်။

မွန်ပြည်နယ် မော်လမြိုင်စျေးကွက်မှာဆိုရင်  ကွမ်းသီးစျေးက ရေးပေါင်းခြမ်း တစ်ပိဿာကို ၄၀၀၀ ကျပ်၊ရေးပေါင်းခြမ်း ၈၀ % ခြောက်သားတစ်ပိဿာ ၅၅၀၀ ကျပ် ၊ရေးပေါင်းခြမ်း ၉၉%ခြောက်သားတစ်ပိဿာ ၆၀၀၀ ကျပ်၊အံစာသန့် တစ်ပိဿာ ၆၀၀၀၊ ရှယ်ဝိုင်း ခြောက် ပြွန်းသန့် တစ်ပိဿာ ၆၅၀၀ ၊ရှယ်ဝိုင်းခြေညက်အလတ် တစ်ပိဿာ ၇၅၀၀၊ဂျင်းပြတ်ခြောက် ၆၁၀၀ ကျပ်ရှိပါတယ်။ 

လက်လီစျေးကွက်မှာတော့ အဆင်သင့်ထ့စားသုံးနိုင်တဲ့ ခွဲစိတ်ပြီးသား  ကွမ်းသီးခြမ်းတစ်ပိဿာကို  ၆၀၀၀ မှ ၈၀၀၀ ကျပ်အထိ စျေးတန်းရှိကြောင်း ကွမ်းရွက်ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

ကွမ်းသီးကို ပြည်ပတင်ပို့မှုရောင်းချမှုအနေနဲ့ အရင်က  အိန္ဒိယ နှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသာ အဓိကထားတင်ပို့မှုရှိပြီး  ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်မှာ ကွမ်းသီးတန်ချိန် ၂ ထောင်နီးပါး တင်ပို့ခဲ့တယ်လို့  စီးပွားကူးသန်းစာရင်းအရများအရ သိရပါတယ်။

ကွမ်းသီးကို တနင်္သါရီတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် မှာ အဓိကစိုက်ပျိုးကြပြီး နှစ်ရှည်သီးနှံပင်ဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *