တရုတ်နိုင်ငံသို့ တင်ပို့ ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများ ကြောင့် ပဲတီစိမ်း စျေးကျဆင်းနေ 

တရုတ်နိုင်ငံသို့ တင်ပို့ ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများ ကြောင့် ယခင်လများ ထပ် ယှဉ်လျှင် ပဲတီစိမ်း စျေးကျဆင်းလာကြောင်း စျေးကွက်အရသိရပါသည်။

လက်ရှိ ပဲတီစိမ်း အထွက်နှုန်းများ နေပြီး မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာလည်းရက်ရှည်ကြာပိတ်ထားခြင်းကြောင့် အရောင်းအဝယ်မသွက်ဘဲ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ လက်ရှိ တရုတ်ကို ပို့ ဖို့ လမ်းခရီး တွေ အဆင်မပြေဘူး ။ပုံမှန် ပို့တဲ့ လမ်းက ပိတ်ထားတော့ တင်ပို့တဲ့ ကုန်စည် အကုန် လုံး မိုင်းလား ဘက်က သွားကြရတယ် ။ အဲ့ လမ်းပိုင်းမှာ ပြုံပြီး ကားတွေ ပိတ် ပုံမှန် ထပ် လမ်းခရီး မှာ  ကြန့်ကြာမှုတွေရှိပြီး အရောင်းဝယ်တွေ ကျ  မြင့်နေတဲ့ စျေးက ကျလာတာ” ဟု ပဲ ကုန်သည်တစ်ဦး ကပြောသည်။

မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ပဲတီစိမ်းစျေးဟာ ဖေဖော်ဝါရီ လ ၁၂ရက်နေ့က ပဲတီစိမ်း ပိဿာ၂၀ တစ်အိတ်လျှင် ၇၇၀၀၀ ကျော် အထိ ရှိ ခဲ့ ပြီးမတ် လ ၁၂ ရက် စျေးနှုန်းအရ ပဲတီးစိမ်းပိဿာ၂၀ တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်ထိ ကျဆင်း သွား ကြောင်း သိရသည်။ 

 လက်ရှိ FOB ရန်ကုန်ပေါက်စျေး အနေဖြင့် FAQ အညာ တစ်တန်လျှင် ၇၃၀ မှ ၇၅၀ ဒေါ်လာ ထိ ရှိ ပြီး ရွှေဝါအကြီး လျှင် ၈၃၀ မှ ၈၆၀ အထိ ပေါက်စျေး ရှိ ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။ 

“ ဖေဖော်ဝါရီ လ ဆန်းပိုင်းလောက်နဲ့ယှဉ်ရင် ၈၀၀၀ ကနေ ၁၀၀၀၀ ကြား ထိ ကျသွား တယ် ။ ပဲ အထွက်လည်း များ ပြီး အဓိက တရုတ်ကပဲ   ပဲတီစိမ်း ကို ဝယ် တာဆိုတော့ လက်ရှိ လမ်းပိုင်း အပြင် တခြား အခက်အခဲ တွေကြောင့် တရုတ်ဘက်က အဝယ်နည်း သွားလို့ စျေးကျ သွားတာ။ ပင်လယ်ရေကြောင်း ကတင်ပို့ရင် လည်း စရိတ် များ လို့ အဆင်မပြေပြန်ဘူး” ဟု အောင်လံ မှ ပဲကုန်သည်တစ်ဦး ပြောသည်။

လက်ရှိ လတ်တလော တောင်သူများ ထံ ဈေးနှိမ်ဝယ်ယူမှုများရှိနေပြီး တချို့ မရောင်း ပဲ စျေးကွက် စောင့်ကြည့်နေသည့် အနေအထား များ လည် ရှိကြောင်းသိရသည်။

အချို့ နယ်ဘက်များရှိ တောင်သူ များ အဖို့ ပိဿာ၂၀ လျှင် ခြောက်သောင်း  ကျပ် ဖြင့် လည်းရောင်း ချ ပေးနေရကြောင်းလည်း သိရသည်။ 

 လက်ရှိ ရာသီဥတုကောင်းမွန်မှုကြောင့် ပဲထွက်နှုန်းလည်း များလာပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပဲတီစိမ်းဈေးနှုန်း ထပ်မံကျဆင်းမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေကြကြောင်း လည်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီးပဲတီစိမ်း ၂၆ ရာခိုင် နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ် လျက်ရှိ ကြောင်းသိရသည်။ 

ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး ၁၀ ရာခိုင်းနှုန်းမှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဝယ်ယူလျှက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကစိုက်ပျိုးကြ ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *