သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် “Colombo International Tea Convention 2024” အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand Hotel တွင် “Colombo International Tea Convention 2024” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ    ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ညီလာခံကို ကမ္ဘာတစ်ဝန်းရှိ လက်ဖက်ထုတ်လုပ်သူများ၊ လက်ဖက်တင်သွင်း/ တင်ပို့သူများ၊ လေ့လာသူများနှင့် လက်ဖက် influencers/ bloggers များအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ရာ ပြပွဲအခမ်းအနားကို “Tea, a lifestyle & a livelihood” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

အခမ်းအနားအစီအစဉ် စာရင်းပေးသွင်းခြင်းကိစ္စရပ်တို့နှင့်ပတ်သက်၍ အချက်အလက်များသိရှိလိုပါက Ms. Pavithri Peiris (pavithrip@pureceylontea.com, TP +94 777688554) နှင့်Mr. Sampath Perera(sempath@pureceylontea.com, TP +94 779940500) တို့ သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံမှစိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ကူးယူဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *