တိုင်းနဲ့ပြည်နယ်အများစုမှာ မတ်လ တတိယဆယ်ရက်ပတ်အတွင်း မိုးဆက်ရွာသွန်းနိုင်ချေရှိ 

မတ်လ တတိယ ဆယ်ရက်ပတ်အတွင်း တိုင်းနဲ့ ပြည်နယ်အများစုမှာ ဆက်လက်ပြီး မိုးရွာသွန်နိုင်ချေရှိနေသေး တယ်လို့ မိုးဝေသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ 

အဲဒီရက်ပိုင်းအတွင်းကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်တောင် ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာမိုးရွာသွန်းနိုင်မယ့် ဒေသတွေကတော့နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)မှာ  မိုး ရွာသွန်းမြဲထက် ပိုနိုင်ပါတယ်။

 ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာတော့  ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာတော့  ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ မိုးဇလကပြောဆိုထားတာဖြစ်ပါတယ်။

မိုးရွာသွန်းနိုင်မယ့် ခန့်မှန်းရက်အခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် ၊ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ  (၃)ရက်မှ (၅)ရက်ခန့် မိုးရွာနိုင်ပြီး  နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်မှာတော့  (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။ 

မိုးလေဝသဆိုင်ရာအချက်အလက်တွေကိုခန့်မှန်းထုတ်ပြန်ပေးနေတဲ့ ဦးဝင်းနိုင်ကလည်း  ” မတ်လ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မှာ  မိုးရွာနိုင်တာတွေ့ရပါတယ်။မတ်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ်ဒေသအချို့ မိုးရွာနိုင်မဲ့ အရိပ်အယောင်ရှိတော့တာတွေ့ရတယ် ” လို့ ပြောဆိုထားပါတယ်။

မတ်လ ၂၁ ရက်နေ့မှာတော့ ရန်ကုန် ၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း အပါအဝင် နေရာဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး အချို့နေရာတွေမှာဆိုရင်မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုပါရှိခဲ့တယ်လို့သိရပါတယ်

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *