ကြက်သွန်ဖြူ အသစ်များဝင်နေသည့် အတွက် စျေးထက်ဝက်ကျော် ပြန်ကျ 

ကြက်သွန်ဖြူ အသစ်များဈေးကွက်ထဲ အဝင်များလာသည့် အတွက် စျေး ထက် ဝက်ကျော်  ပြန်ကျ သွားကြောင်း စျေးကွက်အရသိရပါသည်။

ပြည်တွင်း ကြက်သွန်ဖြူအသစ်များ မှာ ဖေဖော်ဝါရီလ အလယ်  မှစ၍ မေ လ အထိ စျေးကွက်တွင်း အဝင်များ နေမည်ဖြစ်ပြီး တရုတ်ကြက်သွန်များ မှာလည်း အဝင် များ လာသည့် အတွက် စျေး ပြန်လည် ကျဆင်းသွား ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်မှာ စျေးကောင်းခဲ့တာက မေလ အထိ  ကြက်သွန်ဖြူပေါ်ချိန်  ဘယ်ချိန် ပြန်ရှားလည်းဆို ဆယ်လပိုင်း လောက်မှ ရှားသွားမယ်။  စျေးကွက်သဘောအရ ကြူကုတ် မရှိရင်လည်း ရှမ်း ကြက်သွန် စျေးက ထိုး တက်သွားတာ ၊ကြူကုတ်ဝင်လာတဲ့ အတွက် ရှမ်းကြက်သွန်က စျေးက အတက်ဖက် သိပ်မရောက်ပဲဖြစ်သွားတာ။ ကြူကုတ် လုံးဝ အဝင်မရှိရင် ရှမ်းကြက်သွန်က ၁၇၀၀၀ ကနေ ၁၈၀၀၀ အထိ ရောက်သွား နိုင်တယ် ။  အခုက ကြူကုတ်ဝင်နေတယ်  ။ပြီးခဲ့တဲ့လတွေက ရှမ်းမြောက် ပိတ်ထားလို့ ကြူကုတ် အဝင်နည်းသွားတယ် “ ဟု အောင်ပန်း ကုန်စည်အမျိုးမျိုးစုံ ရောင်းဝယ်ရေး မှ  ကိုမောင် ကပြောသည်။ 

ပြီးခဲ့ သည့် နှစ် ဖြင့်ယှဉ်ရင်တော့ အတက်စျေးတွင်ရှိနေပြီး ပြီးခဲ့သည့် နှစ် ကြက်သွန်ဖြူအသစ် ပေါ်ချိန် တစ်ပိဿာလျှင် ၃၀၀၀ မှ ၅၀၀၀ကျော် ဝန်းကျင်သာရှိ ခဲ့ကြောင်းသိရသည်။ 

ရှမ်းပြည်နယ် တွင် ယခုနှစ် ကြက်သွန်ဖြူအသစ် ပေါ်ချိန် တွင် တစ်ပိဿာ လျှင် ၅၀၀၀ မှ ၇၀၀၀ကျော် အတွင်း ထိ ပေါက်စျေးရှိကြောင်း  သိရသည်။ 

ယင်းအပြင် ယခုနှစ် ဖေဖော်ဝါရီလ စတုတ္ထအပတ်က အောင်ပန်းထူး ကြက်သွန်ဖြူ စပေါ်ချိန် က တစ်ပိဿာလျှင် ၁၆၀၀၀  မှ ၁၇၀၀၀ကျော် အတွင်း ထိ ပေါက်ထိမြင့်တက်ခဲ့ပြီး မတ်လ ၂၆ရက်နေ့က အောင်ပန်း ထူး ကြက်သွန်ဖြူတစ် ပိဿာ လျှင် ၆၀၀၀ မှ ၆၅၀၀ အထိ ကျဆင်း သွား ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင် မှ သိရသည်။

“ အခုအသစ်ပေါ်နေတဲ့ ကြက်သွန်ဖြူတွေက မခြောက်သေးဘူး ၊ စိုသေးတယ်။နှစ်တိုင်း အသစ်ပေါ်ချိန်ရောက်ရင် စျေး ကျတယ် မနှစ်က ဆို ၃၅၀၀ အထိ ကျသွားတယ်။ ဒီနှစ် က ၇၀၀၀၊၆၀၀၀ ဆိုတော့ ဒီနှစ်က စျေးပိုကောင်းတယ် ပြောလို့ရတယ်။ကြက်သွန်ဖြူ အဆွဲကြမ်း လာရင် ပြန်တက်ဖို့ ရှိပါတယ် ။ “ ဟု  ကြက်သွန် ဖြူ ကုန်သည်တစ်ဦး ကပြောသည်။

တရုတ် ကြူကုတ် ကြက်သွန် ဖြူများ မှာ လားရှိုး ရှမ်းမြောက် မှ တဆင့်ပြည်တွင်းသို့ ဝင်လေ့ရှိ ပြီး  ၊ယိုးဒယား ဘက် မှ တဆင့် ဖြင့်လည်း  ဝင် ရောက် လျက်ရှိကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၁ ရက်နေ့ က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿလျှင် ၉၂၀၀ မှ ၉၄၀၀ အထိ ပေါက်စျေးခဲ့ ပြီး လက်ရှိ တပိဿလျှင် ၁၀၃၀၀ မှ ၁၀၅၀၀ အထိ ပြန်မြင့်တက်လျက်ရှိ ကြောင်းသိရသည်။

ပြီးခဲ့ သည့်လ များ က နယ်စပ် များ တွင် တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်နေသည့် အတွက် တရုတ်နိုင်ငံမှ တရားမဝင် ကြက်သွန်ဖြူဝင်ရောက်မှုနည်းသွားသည့် အတွက် စျေးကောင်း ရနေခဲ့ ခြင်းဖြစ်ကြောင်း ကုန်သည်များ ကသုံးသပ်ကြသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *