(၂၅.၃.၂၀၂၄) မှ (၂၉.၃.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတပြဲကတော့ ဒီတဈပတမြှာ ဈေးအတကအြကွ သိပမြရှိပဲ သိနြး ၃၀ ပတခြွာလညြ နဲ့ အရောငြးအဝယြ ဖှဈနကှပေါတယြ။ကှိုပှိုင့လြောကသြာ ရှိနပှေီး ‌ဈေးကှကြ အတှငြး စောင့ကြှည့နြကှတေဲ့ အခှအနေေ ရှိကှလို့ ကုနသြညအြခွို့က ဆိုပါတယြ။ အိနျဒိယနိုငငြံရဲ့ပဲဈေးကှကြ အခှအနေေ တှကေိုလညြး စောင့ကြှည့နြပှေီး ပုံမှနြ တငပြို့မှု အတှကသြာ အရောငြးအဝယရြှိနကှပေါတယြ။

အိန္ဒိယနိုင်ငံ မှာလည်း ပွဲတော်အပြီး ဈေးအေးသွားသလိုပြည်တွင်းမှာလည်း လပြည့် ပွဲတော် ပိတ်ရက်တွေကြောင့် ဈေး အေးနေတဲ့အနေအထား ဖြစ်နေပါတယ်။မကြာခင်ရက်ရှည် ပိတ်ရက် ရောက်တော့ မှာ ဖြစ်လို့ ပဲဈေးက အနည်းငယ် တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ပေမယ့်လည်း လက်ရှိ ဈေးကွက်အခြေအနေက မရေရာပါဘူး။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင်  တစ်တန်ကို ၆၀၀၀၀လောက်ဈေးပြန်မြင့်တက်လာပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၁၇၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၇၄၀  မှ ၄၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာ မတ်ပဲ တင်ပို့မှုက နေ အမေရိကန်ဒေါ်လာ ၆၇၅ သန်းထိ ရရှိခဲ့ပြီး ပို့ကုန် ဝင်ငွေ အများဆုံး ရရှိတဲ့  ပဲ ဖြစ်တယ်လို့စီးပွားကူးသန်းက ထုတ်ပြန်ထားပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီက ၂ ပတ်ဆက်တိုက် ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်မြင့် တက်လာ ပါတယ်။တစ်ပတ်အတွင်း ဈေးအတက်အကျ ကတော့ တည်ငြိမ်မှု မရှိသလို ၃၇ သိန်း ပတ်ချာလည် သာ အရောင်းအဝယ်သာ ရှိနေတာ ဖြစ်ပါတယ်။

နယ်ဈေးကွက်တွေမှာတော့ ပဲ လက်ကျန် မရှိတော့ဘူးလို့ သိရပြီး လက်ကြီးသမားတွေ လက်ထဲ မှာသာ ပဲတွေက ရှိတော့တာ ဖြစ်လို့ပြည်တွင်း ဈေးကွက်အခြေအနေ အရ ထိန်းရောင်းထိန်းဝယ် လုပ်နေကြ တာ ဖြစ်တယ်လို့ကုန်သည်အချို့ကတော့ ခန့်မှန်းပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၆၉၅၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်  သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း   ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာတော့ ပဲစင်းငုံနီ တင်ပို့မှု ကနေ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရရှိခဲ့ပြီး တတိယ ပို့ကုန်အများဆုံး ရရှိတဲ့ ပဲ ဖြစ်တယ်လို့ စီးပွားကူးသန်းထုတ်ပြန်ချက်အရသိရပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ဈေးကွက်ထဲ အဝင်များနေပြီး ပို့ကုန်အတွက် ဝယ်ယူမှု နည်းတဲ့အတွက်ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့  အကျဈေးနဲ့ပဲ အရောင်းအဝယ် ရှိနေပြီး ဆက်ပြီး ကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းပေမယ့် လည်း ‌ေတာင်သူတွေကတော့ အရှုံးပေါ်နေတယ်လို့ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၃၈၃၀ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၀၅၀ မှ ၃၂၇၀ ကျပ် ရှိပြီး တစ်ပိဿာကို ၆၅ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၆၅ ကျပ် ရှိပြီး ၁၃၅ ကျပ် အသီးသီး ဈေးကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့    ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၃၅၀၀၀ မှ ၁၄၀၀၀၀  ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာတော့ ပဲတီစိမ်း တင်ပို့မှု အတွက် အမေရိကန်ဒေါ်လာ ၃၁၀ ရရှိထားပြီး ဒုတိယ ပို့ကုန် ဝင်ငွေ အများဆုံး ရရှိထားတယ်လို့ စီးပွားကူးသန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ ဈေးထပ်ပြီး ကျဆင်းပါတယ်။ ထိုင်းနိုင်ငံရဲ့  ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲ ကြောင့် ကျဆင်းသွားတယ်လို့ကုန်သည်အချို့က ခန့်မှန်းပေမယ့် လက်ရှိ မှာတော့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ တွေ ကြောင့် တင်ပို့မှုကလည်း နည်းပြီး ဈေးကလည်း ဆက်တိုက် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်း ထုတ်ပြန်ချက်ဟာ လက်ရှိမှာ သတိပေးချက်အနေနဲ့သာ ဖြစ်ပေမယ့် အမှန်တကယ် ပိတ်လိုက်ပါက ဈေးတွေ ယခု ပေါက်ဈေးထက် ကျဆင်းသွားမှာကို စိုးရိမ်ပြီး အများအပြား ရောင်းချတာတွေကြောင့် ဈေးက ပိုပြီး ကျဆင်းသွားတာ ဖြစ်တယ်လို့  ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်ရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၄၉၀၀၀ ကနေ ၄၉၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်၊၊ ပြောင်း (ဗမာ)တစ်အိတ်ကို  ၄၇၀၀၀   ကျပ် မှ ၄၈၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်  ၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၄၉၀၀၀  မှ ၄၉၅၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီး ကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီး ဈေးကျဆင်းပါတယ်။အိန္ဒိယပွဲတော် ကာလ ပြည်တွင်း ဥပုသ် ကာလ အပြီး အဝယ်သွက်ခဲ့ပေမယ့် လက်ရှိမှာ အဝယ်အေးပြီး ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။ဈေးကွက် အတွင်း အသစ်တွေ လည်း အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၃၉၁၅ မှ ၄၀၈၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၀၈၀   မှ ၄၂၅၀  ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၄၂၅  မှ ၅၇၀၀ ရှိပြီး ၃၀၀  ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၃၂၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၈၀၀၀ကျပ် ၊ကုလားပဲ ၉၂၉က တစ်အိတ်ကို ၂၂၆၀၀၀ မှ ၂၂၇၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၁၇၀၀၀ မှ ၂၂၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၃၈၀၀၀ မှ ၂၄၀၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွား ပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို အနိမ့်ဆုံး ၃၀၀၀ ကနေ ၅၀၀၀ ကြား အသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲကြီး၊ထောပတ်

တစ်လ နီးပါး ဈေးကျဆင်းနေခဲ့တဲ့ ပဲကြီး နဲ့ ထောပတ်ပဲက မတ်လ နောက်ဆုံး အပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ပဲ ဈေးတွေ အဆမတန် ဈေးကျဆင်းနေတဲ့အတွက် အရောင်းထိန်းလိုက် လို့ ဈေးကွက်အတွင်း ပဲ ဝင်ရောက်မှု နည်းကာ ဈေး အနည်းငယ်ပြန်မြင့်တက်လာတာ လို့လည်း ကုန်သည် အချို့က ဆိုပါတယ်။ ပဲကြီးကတော့ ပြည်တွင်း ဝယ်ယူစားသုံးမှု များတဲ့ ပဲ ဖြစ်သလို ထွက် ရှိနှုန်းကလည်း နည်းတဲ့ ပဲ ဖြစ်တဲ့အတွက် ဈေးကတော့ အမြင့်ဈေးနဲ့ ပဲ ရှိနေဆဲ ပါပဲ။

လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း/ရွှေကျွန်း) က တစ်ပိဿာကို ၄၅၂၀ မှ ၅၁၃၅ ရှိပြီး တစ်ပိဿာကိုငွေကျပ် ၁၈၅ ကျပ်  မြင့်တက်လာပါတယ်။ ထောပတ်ပဲကလည်း  တစ်ပိဿာကို ၅၂၁၅ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၂၅၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။  

ပဲထောပတ်ကတော့ တစ်အိတ်ကို ၂၇၀၀၀၀ မှ  ၃၄၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းပါတယ်။တန်ချိန် ၃ သိန်း ကားအစီးရေ ၅၀ အထိ အဆမတန် ဝင်ရောက်နေတာ ဖြစ်တဲ့ အတွက် ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။

အဝင်များရင် ဈေးကျဆင်းတက်တာ ဖြစ်လို့ အဝင်ထိန်းဖို့ ကုန်သည်ကြီးတွေက တိုက်တွန်းပေမယ့်လည်း နယ်စုံကနေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ ၊မုံရွာ တို့ ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၇၀၀ ကနေ ၃၁၀၀ ကြား ရှိကာ တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ကလည်း ဒီတစ်ပတ်မှာလည်း ထပ်ပြီး ဈေးကျဆင်းသွားပါတယ်။‌ ဈေးကွက်ထဲ အဝင်များနေပြီး အရောင်းအဝယ်ကတော့ နည်းနေတာ ဖြစ်လို့ ဈေးက ဆက်တိုက်ကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ ကတော့ ၅၅၀၀ မှ ၅၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၅၀၀၀ မှ ၅၂၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

မေမီမောင် (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *