ယခုနှစ်မှာ ပြည်ပကို ကော်ဖီတန်ချိန် ၂၀၀၀ လောက်သာအများဆုံးတင်ပို့နိုင်ဖွယ်ရှိ

မတ် ၂၉

မကြာမီ စတင်မယ့် ကော်ဖီတင်ပို့ရာသီမှာ ပြည်ပကို မြန်မာ့ကော်ဖီတန်ချိန် ၂၀၀၀ ဝန်းကျင်လောက်သာ   တင်ပို့နိုင်မယ့်အခြေအနေရှိတယ်လို့  မြန်မာနိုင်ငံကော်ဖီအသင်းက ခန့်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီကို ပြည်ပနိုင်ငံတွေက အမှာစာများပြီး ၀ယ်လိုအား ကောင်းပေမယ့် လည်း ပြည်တွင်းမှာဖြစ်နေတဲ့ နယ်မြေ မအေးချမ်းမှုတွေကြောင့် ကော်ဖီခူး ဆွတ်နိုင်မှု လျော့ကျခဲ့ သလို ၊ ခူးဆွတ်နိုင်ပါ ကလည်း ဒေသတွင်းသယ်ယူပို့ဆောင်ရေးနဲ့ ပြည်ပ  တင်ပို့မှုအပိုင်းမှာ လည်း  နယ်စပ်လမ်းကြောင်းကနေ  ကုန်သွယ်နိုင်မှု စတဲ့ခက်ခဲတဲ့ အခြေအနေ ကြောင့် ပြည်ပတင်ပို့ မှုလျော့ကျနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။

” ရှမ်းမြောက်မှာ နေရာတိုင်းကော်ဖီတွေမခူးနိုင်ဘူး ၊ခူးနိုင်တော့လည်း သယ်ဖို့က မလွယ်ပြန် ဘူး။သယ်ယူစရိတ်ကလည်းမြင့်တက်တယ်၊ အကုန်လုံးအခက်အခဲတွေများနေတော့ အခုနှစ်လည်း တင်ပို့မှုက လျော့ကျနိုင်တာပေါ့ ” လို့  မြန်မာနိုင်ငံကော်ဖီအသင်း ဝင်တစ်ဦးကပြောပါတယ်။ 

ကော်ဖီကို နှစ်စဥ် နိုဝင်ဘာလကနေ မတ်လကုန်အထိ ခူးဆွတ်ရပြီး ဧပြီလမှစတင်ကာ ပြည်ပကို  တင်ပို့ရကြောင်း၊ ကော်ဖီ လက်ကျန်ရှိမှုအပေါ်လိုက်ပြီး တစ်နှစ် ပတ်လုံးတင်ပို့ရ တာဖြစ်တယ်လို့သိရပါတယ်။

မနှစ်က ကော်ဖီတင်ပို့တဲ့ရာသီမှာ တရုတ် နဲ့ ထိုင်းကို ကော်ဖီတန်ချိန် ၁၀၀၀ မှ ၁၅၀၀ ကြားတင်ပို့ခဲ့ပြီး ပုံမှန်ကုန်သွယ်မှုလမ်းကြောင်း မှဆိုရင်  ဥရောပ၊ ဂျပန်၊ ကိုရီးယားနဲ့  အာရှနိုင်ငံတွေကိုတော့ တန်ချိန် ၅၀၀ မှ ၈၀၀ ကြားတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ကော်ဖီကို ပြည်ပတင်ပို့ရာမှာ    ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ်ဂိတ် ပေါက်တွေကမှ တဆင့် အဓိကတင်ပို့ရပြီး  ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနဲ့ UAE နိုင်ငံတွေကိုတော့  ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ကော်ဖီတန်ချိန် ၁၀၀၀၀ လောက်ထွက်ရှိပြီး ပြည်ပတင်ပို့ရောင်းချရာမှာ ဝယ်လိုအားများပြီး စျေးကွက်ရရှိထားတဲ့   Arabica ကော်ဖီကိုသာ  အဓိက တင်ပို့ရောင်း ချနေရတာဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာဆိုရင်  ကော်ဖီ စိုက်ဧက ၅၀၀၀၀ ခန့်ရှိပြီး ဧက ၃၈၀၀၀ ဝန်းကျင်မှာက Arabica အာရေးဗီးကား ကော်ဖီမျိုးစိုက်ပျိုးပြီး ကျန်တဲ့ ဧက ၁၂၀၀၀ ဝန်းကျင်မှာ  Robusta ရိုဘမ်စတာ ကော်ဖီမျိုးကို စိုက်ပျိုးတယ်လို့သိရပါတယ်။

ကော်ဖီကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသမှာ အများဆုံး စိုက်ပျိုကြပြီး ၊ ချင်းပြည်နယ် အပါအဝင် ကျန်တဲ့  မြို့နယ်အချို့မှာလည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

မစံပယ်(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *