ပြောင်းစျေးတက်မလာတဲ့အပြင် အကျဘက်ဦးတည်နေလို့ ပြောင်းသိုလှောင်သူတွေအရှုံးခံထုတ်ရောင်းချလာ

ပှောငြးစွေးက တကမြလာတဲ့အပှငြ အကဘွကကြိုသာ ဦးတညနြတောကှောင့ြ ပှောငြးဆံလှောငထြားတဲ့ တောငသြူအမွားစု အရှုံးခံပှီး ပှောငြးတှထေုတရြောငြးလာကှတယလြို့ ပှောငြး စိုကပြွိုး ထုတလြုပြ ရောငြးခွ သူတှေ ထံကနေ သိရပါတယြ။

လက်ရှိမှာ ပြောင်းစျေးက ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်သာရှိပြီး ရှမ်းပြည်နယ်မှာတော့ တစ်ပိဿာ ကို အနိမ့်ဆုံး ၆၅၀ ကျပ်အထိစျေးကျနေကာ အမြင့်ဆုံးဈေး ၈၅၀ ကျပ်သာစျေးရရှိနေတယ်လို့သိရပါတယ်။

ဒါကြောင့် တောင်သူတွေအနေနဲ့ ပြောင်းဆံစျေးကွက်အပေါ် အတက်ဘက်ကို မမျှော်မှန်းရဲတော့ဘဲ သိုလှောင်ထားတဲ့ ပြောင်းတွေကို အရှုံးခံပြီး ထုတ်ရောင်းချလာနေကြတာဖြစ်ပါတယ်။

” စပြီး လှောင်ထားတဲ့အချိန် ၉၀၀ ကျော်စျေးရတယ်၊ ထပ်တက်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မရောင်းဘဲ လှောင်ထားလိုက်တာ ၊အခုတော့ ၈၄၀ နဲ့ ထုတ်နေပါပြီ၊ရှုံးပါတယ်၊အလေးချိန်ရော ၊စျေးနှုန်း ရော ရှုံးတယ် ” လို့ ရှမ်းပြည်နယ် ပြောင်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ပြောင်းစျေးကျနေပေမယ့် ပြောင်းဝယ်လက်တွေနဲ့ အစာစပ် စက်ရုံတွေကတော့ သယ်ယူပို့ဆောင်ရေးအဆင်ပြေတဲ့ဒေသအစုံကနေ ပြောင်းဆံတွေကို ဝယ်ယူမှုရှိပေမယ့် နယ်မြေမတည်ငြိမ်တဲ့ ဒေသကပြောင်းဆံတွေကတော့ ဝယ်ယူသူမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။

ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းဆံစျေးကွက် အခြေအနေကြောင့် တောင်သူတွေမှာ အရှုံးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လို့ လာမယ့်ပြောင်းစိုက်ရာသီမှာ ပြောင်းစိုက်ပျိုးသူ လျော့နည်းသွားမယ့်အခြေအနေရှိနေပါတယ်။

ပြောင်းဆံစျေးက  ၂၀၂၄ ခုနှစ် ဇန်နဝါရီလရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၁၁၈၀ မှ ၁၂၀၀ ကျပ်အထိ ရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ပြောင်းတစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်အထိ စျေးကျဆင်းခဲ့ပါတယ်။

မတ်လ မှာတော့ ရန်ကုန်စျေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ အထိကျခဲ့ပြီး ဧပြီလမှာတော့ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၄ ရက်လောက်ကစပြီး သကြင်္နပြီးတဲ့ အထိ ထိုင်းဘက်က မြန်မာ့ပြောင်းဆံ ဝယ်ယူမှုကို ရပ်နားထားမယ်လို့သိရပါတယ်။

မစံပယ်(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *