(၁.၄.၂၀၂၄) မှ (၅.၄.၂၀၂၄) ထိ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်မြင့်တက်လာပြီး သိန်း ၃၀ ကျော်အထိ ဈေး ပြန်ရောက်ရှိ လာပါတယ်။ ပိတ်ရက် နားနီး လာတာ နဲ့ အမျှ ဝယ်ယူမှုတွေ များလာလို့ ဈေးပြန်မြင့်တက်လာတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ဒါ့အပြင် ပြည်တွင်း ရွှေဈေး ငွေလဲလှယ်နှုန်းဈေးမြင့် တက်လာတာ တွေကလည်း ပဲ ဈေးကို မြင့်တက်လာတာလို့ လည်း သိရပါတယ်။

လက်ရှိ ပဲဈေး မြင့်တက်တာတွေက ပိတ်ရက် ကြောင့် ဖြစ်နိုင်သလို အခြား အကြောင်းတွေ ကြောင့်လည်း တက်လာတာ ဖြစ်လို့ ရေရှည် ဆက်ပြီး တက်ဖို့က ခန့်မှန်းရခက်တယ်လို့ ကုန်သည်ကြီး အချို့က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း မတ်ပဲ ဈေး မြင့်တက်လာမှု နဲ့ အတူ အိန္ဒိယနိုင်ငံမှာပါ မတ်ပဲ ဈေးတွေ မြင့်တက်လာပြီး ချန်နိုင်း ဈေးကွက်မှာ  မြန်မာ မတ်ပဲ တစ်တန်ကို ၉၅၇၅ ရူပီးထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၁၇၅ ရူပီးလောက် မြင့်တက်လာခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၁၂၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင်  တစ်တန်ကို ၁၅၀၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၃၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၃၀၀၀  ကျပ်ဈေးတက်လာပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၀၃၀   မှ ၅၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်လာတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်လာလာပါတယ်။ မတ်ပဲ ဈေး မြင့်တက်တဲ့ အတွက် ပဲစင်းငုံနီဈေးပါ မြင့်တက်လာတာ ဖြစ်ပြီး နယ် ဈေးကွက်တွေ မှာတော့ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။ လှောင်လက် သမာ‌းတွေ လက်ထဲ မှာ ရှိနေတာ ဖြစ်လို့ လက်ရှိ အတက်ဈေး နဲ့ ထုတ်ရောင်းတာတွေ ရှိပေမယ့် လက်ကျန် နည်းလို့ အများကြီး ထုတ်ရောင်းတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ပဲစင်းငုံနီက ပြည်တွင်း ဈေးကွက်မှာလည်း မြင့်တက်နေသလို အိန္ဒိယ ချန်နိုင်ဈေးကွက်မှာလည်း မြင့်တက်ပါတယ်။ မြန်မာ ပဲစင်းငုံ တစ်တန်ကို ၁၀၅၂၅ ရူပီးပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄၂၅ ရူပီးလောက် ဈေးမြင့်တက်လာပါတယ်။

အိန္ဒိယနိင်ငံ ရဲ့ ရွေးကောက်ပွဲ မကြာခင် စ တော့ မှာ ဖြစ်လို့ ပဲ ဈေး ကျဆင်းဖို့ အတွက် အိန္ဒိယအစိုးရ အဖက်ဖက်ကနေ အရေးယူတာမျိုး အခြား နိုင်ငံတကာကနေ ပဲ တင်သွင်းတာမျိုး တောင်သူတွေ ဆီကနေ ပဲ ကို  သတ်မှတ်ဈေးထက် ကျော်လွန် ဝယ်ယူတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် အိန္ဒိယ ကို အဓိက ထား တင်ပို့နေတဲ့ မြန်မာ့ ပဲ တွေကတော့ အများကြီး တက်နိုင်ခြေ မရှိလောက်ဘူးလို့ သုံးသပ်ရပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၉၂၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်  သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၂၂၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ လာမယ့် ပိတ်ရက် အတွင်း တစ်တန်ကို သိန်း ၄၀ ကျော် နိုင်တယ်လို့ ခန့်မှန်းပေမယ့် ပိတ်ရက် အတွင်း ဈေးအေးသွားနိုင်လို့ ကျဆင်းသွားနိုင်ခြေလည်း ရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း   ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြောင်းဆံ

 ပြောင်းကတော့ တစ်ပတ်တာ ဈေးကွက် အတွင်း အကျဈေး နဲ့ ငြိမ်နေပါတယ်။တောင်သူတွေကတော့ ယခုထက် ဈေးကျဆင်းမှာ ကြောက်ပြီး အရှုံးခံ ရောင်းချနေတယ်လို့သိရပါတယ်။ ထိုင်းဘက်ကနေ ပြောင်း တင်သွင်းမှုကို ဧပြီလတစ်လလုံး နားထားတာ ဖြစ်တဲ့အတွက် လက်ရှိ ဈေးကွက် အတွင်း မှာတော့ ရောင်းဝယ်မှုကလည်း အေးနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်နေပေမယ့်  အောက်ခြေ ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၀၀ ကျော်သာ ပေါက်ဈေး ရှိနေတယ် လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၄၉၅၀၀ ကနေ ၅၀၀၀၀  ကြား ရှိပြီး တစ်ပတ်တာ လုံး ဈေးအပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းနေတဲ့ ကုလားပဲကတော့ ဒီတစ်ပတ် ဈေးကွက်အတွင်း မှာ အတက်အ ကျ အနည်းငယ် နဲ့ ဈေးငြိမ်နေပါတယ်။ ပွဲတော်ကာလ  ပိတ်ရက်ရှည် အတွက် ဝယ်ယူသို လှောင် တာတွေ ကြောင့် ဝယ်လိုအားပေါ် လိုက်ပြီး အရောင်းအဝယ်ကောင်းနေ တယ်လို့သိရ ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၃၉၁၅ မှ ၄၀၈၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၀၈၀   မှ ၄၂၅၀  ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၄၂၅  မှ ၅၇၀၀ ရှိပြီး ၃၀၀  ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၀၀၀၀   ကျပ် ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၅၀၀၀ ကျပ်  ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၅၀၀၀ကျပ်၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ သောကြာ နေ့နဲ့ ယှဉ်ရင်  ဈေးအ ပြောင်းအလဲ မရှိပါ ဘူး။

ကြက်သွန်နီ

ကြက်သွန်နီကတော့ဈေးဆက်တိုက် ကျဆင်းနေပါတယ်။ တစ်ပိဿာကို ၃၀၀၀ အောက်ထိ ပြန်ကျဆင်းခဲ့ပေမယ့် ပွဲတော်ကာလ ရက် အကျဈေးနဲ့ ဝယ်ယူတာတွေကြောင့် ရက်ပိုင်းအတွင်း ပြန်မြင့်တက်လာပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို ကားအစီးရေ ၅၀ နီးပါး ပိဿာချိန် ၃ သိန်းနီးပါး အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ ၊မုံရွာ တို့ ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၆၀၀ ကနေ ၃၀၀၀ ကြား ရှိကာ တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ဈေးအနည်းငယ်ပြန်မြင့်တက်လာခဲ့တဲ့ ကြက်သွန်ဖြူက ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အမြင့်ဈေး နဲ့ ရှိနေချိန် ရောင်းချ မှု များလာတဲ့အတွက်ဈေးကပြန်ကျဆင်းသွားတာလို့ ကုန်သည် တွေက ဆိုပါတယ်။ လက်ရှိ ဈေးကွက်ထဲကို လည်း ကြက်သွန်ဖြူ အသစ်တွေ ဆက်တိုက် အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို အိတ် ၁၀၀၀  ပိဿာချိန် ၁၀၀၀၀ လောက် အဝင်ရှိနေပြီး အဝင်များလာပါတယ်။တစ်ပိဿာကို ၆၈၀၀ မှ ၇၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာ ကို ၁၀၃၀၀ မှ ၁၀၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ကတော့ ပြည်ပတင်ပို့မှုလည်း မရှိသေးတဲ့အပြင် ပြည်တွင်း မှာလည်း ရောင်းအားလျော့နည်းတဲ့ အတွက် ဈေးတွေက ဆက်တိုက် ကျဆင်းပါတယ်။ငရုတ်အသစ်တွေကလည်း နယ်စုံကနေ အဝင်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၉၀၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ ကတော့ ၄၈၀၀ မှ ၅၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၈၀၀ မှ ၅၂၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

အာလူး

ဈေးတှေ ဆကတြိုကကြဆွငြးခဲ့တဲ့အာလူးက တဈပတအြတှငြး ဈေးပှနမြှင့တြကလြာပါတယြ။‌ေ ဈးကှကထြဲ အာလူးအဝငနြညြးလာပှီး အဝယမြွားလာတဲ့အတှကဈြေးမှင့တြကလြာတာလို့သိရပါတယြ။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး) တစ်ပိဿာကို ၁၆၀၀ ကနေ ၂၁၀၀ ကြားရှိပြီး တစ်ပိဿာကို ၄၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *