ချစ်ကြည်ရေးတံတား အမှတ်၂ ပိတ်လိုက်လို့ မြဝတီကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှု ရပ်တန့်သွား

ဧပြီ ၁၂

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ မြဝတီ- မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဧပြီလ ၁၂ ရက်နေ့ကစပြီး ထိုင်းအစိုးရက  ပိတ်လိုက်တာကြောင့် ကုန်သွယ်မှုရပ်တန့်သွားပြီဖြစ်တယ်လို့သိရပါတယ်။

ထိုင်းဘက်ကနေ တံတားကို ပိတ်လိုက်တာကြောင့် မြန်မာကို  ကုန်ပစ္စည်း တင်သွင်းဖို့ လာတဲ့ကုန်တင်ကားအများအပြား ထိုင်းဘက်ခြမ်းမှာ  ပိတ်မိနေတယ်လို့သိရပါတယ်။

တံတားပိတ်လိုက်တာကြောင့် ငရုတ်၊ကြက်သွန်နီ တွေ ထိုင်းကိုတင်ပို့နိုင်ခြင်းမရှိတော့တဲ့အပြင် ထိုင်းကုန်စည်တွေလည်း တင်သွင်းနိုင်ခြင်းမရှိတော့ဘဲ ကုန်သွယ်မှုကရပ်တန့်သွားတာဖြစ် ပါတယ်။

” တံတားက မနေ့ကမနက်ပိုင်းမှ ထိုင်းဘက်ကပိတ်လိုက်တယ်။မကြေငြာဘဲရုတ်တရက်ပိတ်လိုက်တော့ဟိုဘက်ခြမ်းမှာကားတွေပိတ်မိကုန်တယ်၊ကုန်သွယ်မှုလည်းလုံးလုံးရပ်သွားပြီ၊ တံတားပြန်ဖွင့်မှသာ ကုန်သွယ်မှုက အဆင်ပြေမယ် ” လို့ မြဝတီမြို့ ကုန်သည် တစ်ဦး ကပြောပါတယ်။ 

မြဝတီ မဲဆောက်  အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် မြန်မာဘက်ကို  အဓိကတင်သွင်းနေတာက စက်သုံးဆီ ၊ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်၊လူသုံးကုန်၊စာရေးကိရိယာ၊ပလတ်စတစ်ပစ္စည်း၊ကားအပိုပစ္စည်း  အပါအဝင် စတဲ့ကုန်စည်တွေတင်သွင်းနေတာဖြစ်ပါတယ်။

မြန်မာကနေ ထိုင်းကိုတင်ပို့နေတဲ့ပစ္စည်းတွေကတော့ ငရုတ်စို နဲ့ငရုတ်ခြောက်၊ပီလောပီနံခြောက်၊ကြက်သွန်နီ၊cmpချုပ်ပြီးအထည် တွေတင်ပို့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တံတားပိတ်လိုက်တာကြောင့် ထိုင်းဘက်ကနေ မြန်မာဘက်ကိုတင်သွင်းရတဲ့ ကုန်စည် စီးဆင်းမှုတွေရပ်တန့်သွားလို့ ကုန်သွယ်မှုရပ်သွားသလိူ ထိုင်းကိုအဓိကအားထားနေရတဲ့  မြဝတီဒေ သခံတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရ ပါတယ်။

တံတားပိတ်ချိန်ကြာမြင့်ပါက ထိုင်းက နေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ပြတ်တောက်ပြီး စျေးနူန်းမြင့်တက်လာနိုင်သလို ထိုင်းနိုင်ငံရဲ့စီးပွားရေးလည်းထိခိုက်နိုင်တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။

ချစ်ခွန်းချို(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *