သကြား စျေး အတက်အကျ ပေါ်မူတည်ပြီး ကြံစျေး တိုး ဝယ်နေ 

စက်ရုံများ မှ သကြားစျေး အတက် အကျ ပေါ်မူတည်ပြီး ကြံစျေး တိုး ဝယ်နေ ကြောင်း ကြံစိုက်တောင်သူများ ထံမှ သိရသည်။ 

လက်ရှိ သကြားစျေး ကောင်း သည့် အတွက် သကြား စက်ရုံ များ မှ ယခင်နှစ်များထက် ကြံဈေးနှုန်းများ တိုးမြှင့်ဝယ် ပေးနေ ခြင်းဖြစကြောင်း သိရသည်။ 

ပြည်တွင်း၌ သကြားစက်ရုံ အရောက်စျေး သန့်ရှင်းလတ်ဆက်သည့် ကြံတစ်တန် ကို တစ်သိန်းသုံး သောင်းခွဲ မှ တစ်သိန်းငါး သောင်း ကျပ် အထိ စျေးကွက်ရှိ ကြောင်း သိရသည်။

“ လက်ရှိ တစ်သိန်းခွဲ ပတ်ဝန်းကျင်ထိ သွားနေတယ် ။တောင်သူတွေ အတွက် ဒီစျေးက တွက်ခြေကိုက်မှာပါ။ အကျိုးရှိပါတယ်။သကြားစျေးပေါ်တွက်ချက်ပြီး စက်ရုံ တွေက တိုးပေး ရတာပေါ့ ။ “ ဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

၂၀၂၃-၂၀၂၄ ကြံကြိတ်ရာသီ တွင် သကြားစက်ရုံတချို့ မှ ကြံတစ်တန် ကို တစ်သိန်းနှစ်သောင်းအထိ သာ အများ ဆုံးပေး ဝယ်ယူ မည်ဟု ကြော်ငြားခဲ့သော်လည်း သကြားစျေးကောင်းနေ၍ အချို့သကြား စက်ရုံများမှ ကြံစျေး အားတစ်သိန်းခွဲထိ  တိုးပေးမည်ဟု ကြေငြာ အသိပေးထားခဲ့ကြသည်။

“ ဂရိတ်ဝေါ နယ် မြေဆိုရင်  အ‌ေခြအနေ မကောင်းလို့ ကြံခုတ်တွေ ခဏ ရပ်သွားတာတွေ ရှိတယ် ၊စစ်ကိုင်းတိုင်း ဆို လုံးဝအခြေအနေမကောင်းဘူး။ နောင်ချို ဘက်တော့ မဆိုးဘူးပြောရမယ်။ညှိုနှိုင်းပြီး လုပ်နေကြရတယ်။

အခက်အခဲ အမျိုး မျိုး ထဲ ကမှ ကြံစိုက်တောင်သူတွေ အကျိုးရှိ အောင်လဲ စက်ရုံတွေ က လုပ်ကိုင်လုပ်ပေးနေရတယ်။ စက်မလည်ရင်  တောင်သူတွေ ဝင်ငွေ အခက်အခဲတွေ ရှိမယ် ၊သူတို့ စိုက်ထား တဲ့ ကြံတွေ ဆုံးရှုံးကုန်မယ်။ စက်လည်မှ နှစ်ဦး နှစ်ဖက် အကျိုးရှိမယ်။ “ ဟု သကြား လုပ်ငန်းရှင်တစ်ဦး ကပြောသည်။ 

ပြီးခဲ့သည့် နှစ်က   အချို့ ပြည်တွင်းသကြားစက်ရုံများ မှ သကြားစျေးကောင်းခဲ့သည်အတွက် စက်ရုံသို့ ရောင်းချခဲ့သည့် တောင်သူများ အား အမြတ်ငွေ ထပ်မံခွဲဝေးပေးခြင်းများလည်းရှိခဲ့ကြောင်း သိရ သည်။ 

ပြီးခဲ့ သည့် နှစ်က သကြားစျေးကောင်းခဲ့ သည့် အတွက် ပိုပြီး စိုက်ခဲ့ သောကြောင့် ယခုနှစ် ကြံ အထွက်နှုန်းမှာ ပြီးခဲ့ နှစ်ထပ် ပိုများ နိုင်ကြောင်း သုံးသပ်ကြသည်။ 

“အရင်က စက်ရုံတွေက ကြံစျေးကို ကြိုမကြေငြာဘူး။ နောက်ပိုင်းမှာသာ ကြိုကြောငြာပေးကြတာ။ကြိုအသိပေးတော့ ကြံစိုက် တောင်သူတွေအတွက် တိုးစိုက်သင့် မစိုက်သင့် တွက်ခြေကိုက် မကိုက် စဉ်းစားလို့ရတယ် ။ သကြားစက်ရုံတွေ အနေနဲ့ တောင်သူတွေဘက်ကြည့်ပေးတဲ့ အတွက် တောင်သူတွေ အတွက်

အဆင်ပြေတာပေါ့ ။လက်ရှိ ဒီဘက်မှာ ကြံ က လှတဲ့ တစ်စီးချင်းဆို ၁၄၀,၀၀ အများနဲ့ယူမယ်ဆို ၁၃၅,၀၀ ကျပ် ရှိတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မှ ကြံစိုက်တောင်သူ ကို မင်းသူက ပြောသည်။

လက်ရှိ ပြည်တွင်း စားသုံးရန် အတွက် ချန်ကာ ကျန်သကြားများကို ပြည်ပသို့ တင်ပို့ နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း မှသိရသည်။

ပြည်တွင်း ၌ တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့် ထွက်ရှိကြောင်း ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။ 

ဖိုးချဲ(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *