ရန်ကုန်က ဆိပ်ကမ်းနှစ်ခုကို အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းအဖြစ် ခွင့်ပြု

ရန်ကုန်တိုင်းထဲက ဆိပ်ကမ်းနှစ်ခုကို အိမ်နီးချင်းနိုင်ငံတွေကို ကုန်တင်ပို့နိုင်တဲ့   အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အသုံးပြု ခွင့်ပေးထားတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

အဆိုပါ ဆိပ်ကမ်းနှစ်ခုက ရွှေပြည်သာမြို့နယ်က ရွှေမဲဆိပ်ကမ်းနဲ့  မုတ္တမဆိပ်ကမ်းတို့ဖြစ်ပြီး ခုလိုခွင့်ပြုပေးတဲ့အဓိကရည်ရွယ်ချက်က နယ်စပ်ကုန်သွယ်ရေးက ကုန်သွယ်မှုလျော့ကျနေတာကြောင့် ပင်လယ်ရေကြောင်းကနေ ပိုပြီးတင်ပို့နိုင်ဖို့ ဖြစ်ပါတယ်။

” ဟုတ်တယ် အခုဆိပ်ကမ်း သုံးခွင့်ပြုပေးထားတယ်။ရွှေမဲဆိပ်ကမ်း၊မုတ္တမဆိပ်ကမ်းအပါ သုံးခုခွင့်ပြုတယ်၊မြဝတီနယ်စပ်ကုန်သွယ်ရေးကသုံးမရတော့ ရန်ကုန်မှာဆိပ်ကမ်းမရှိ သဘေင်္ာကရှာမရဒုက္ခရောက်တော့ခုလိုခွင့်ပြုတာကောင်းပါတယ်။အခုတော့ဆိပ်ကမ်းတိုးလာတာပေါ့ ” လို့ ပြောင်းပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊‌ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့်အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၄-၄-၂၀၂၄ ရက်နေ့မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

ဒါကြောင့်လက်ရှိမှာ  အဆိုပါဆိပ်ကမ်းတွေကနေ  အိမ်နီးချင်းနိုင်ငံတွေ  Border Trade ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်  အကောက်ခွန်ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) တွေက  တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးနေပြီဖြစ်လို့ လုပ်ငန်းရှင်တွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို  ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး၊မူဆယ် ၁၀၅ မိုင်၊ကျင့်စန်းကျော့၊ လွယ်ဂျယ်၊ ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး၊အိန္ဒိယနယ်စပ်ကုန်သွယ်ရေး၊ချင်းရွှေဟော်၊ပန်ဆိုင်းဂိတ်အပါအဝင် စတဲ့နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်ရေးလုပ်နိုင်မရှိ လျော့ကျနေတာကြောင့် ပင်လယ်ရေကြောင်း ကနေသာ အဓိကကုန်သွယ်နေရတာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံ၊ ပြောင်း၊ဆန်၊ဂျင်း ၊သကြားအပါအဝင် လယ်ယာထွက်ကုန် ပစ္စည်းတွေကိုတင်ပို့နေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *