ဘင်္ဂလားဒေ့ရှ်က စျေးမြင့်‌ ပေး၀ယ် ယူနေလို့ ပြည်တွင်းဂျင်းတက်ဈေး တစ်ပိဿာ ၉၅၀၀ ကျပ် အထိ ဈေးတက်လာ

ဂျင်းတက်ကို ပြည်ပက စျေးမြင့်တက်ပြီး ဝယ်ယူလာတဲ့အတွက် ပြည်တွင်းဂျင်းတက်စျေးကွက်မှာ စျေးနှုန်း ပြန်မြင့်တက်လာပြီး  တစ်ပိဿာကို ၉၅၀၀ ကျပ်အထိ ရှိလာတယ်လို့ ရှမ်းအခြေစိုက် ကုန်စိမ်း ပွဲရုံနဲ့ ကုန်သည်တွေဆီကသိရပါတယ်။ 

 ဘငြျဂလားဒေ့ရြှက မှနမြာ့ဂငွြးတကကြို စွေးနှုနြးအမှင့ြ‌ပေး ပှီးဝယယြူလာတဲ့အပှငြ ဂငွြးအခကအြသန့အြခွောကလညြး နညြးလာတာကှောင့ြ ‌ဝယလြိုအားမွားပှီး ဂငွြးတကစြွေးမှင့တြကလြာတာဖှဈတယလြို့သိရပါတယြ။ 

” ဂျင်းကိုအခု တူးသူကတူးတယ်၊မတူးသူလည်းရှိသေးတယ်။တချို့လည်း စျေးထပ်တက်မလားဆိုပြီးစောင့်ကြတယ်၊တချို့လည်းဒီစျေးတော်ပြီဆိုပြီးတူးရောင်းကြတယ်။အဓိကဘင်္ဂလားဒေ့ရှ်က စျေးမြင့်ပေးဝယ်လို့ပါ ” လို့ ရှမ်းအခြေစိုက် ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးက ကပြောပါတယ်။ 

လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းအခက်ကြီးအသန့်  တစ်ပိဿာကို ၉၅၀၀ ကျပ်ရှိပြီး ဂျင်းမြေနီအကြီးအသေးအရော တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ကျပ်၊ဂျင်းအလတ်စ (မြေနီအဖြူအရော) တစ်ပိဿာကို ၈၅၀၀ မှ ၈၇၀၀ ကျပ်အထိ စျေးကွက်မြင့်တက်လာတယ်လို့သိရပါတယ်။၄၉၀၀ ကျပ် နဲ့ ဂျင်းမြေနီတစ်ပိဿာအကြီးအသေးအရောက ၉၄၀၀ ကျပ်အထိ စျေးတန်းမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ လလယ်လောက်တုန်းက ဂျင်းအခက်သန့်တစ်ပိဿာကို  အမြင့်ဆုံးစျေး ၄၉၀၀ ကျပ်သာရှိတာကြောင့် တစ်လကျော်အတွင်းမှာ ဂျင်းတစ်ပိဿာကို ကျပ် ၅၀၀၀ နီးပါး မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာ့ ဂျင်းတက်ကို ပြည်ပတင်ပို့မှုအနေနဲ့  ဘင်္ဂလားဒေ့ရှ်ကိုသာ အဓိကတင်ပို့နေရပြီး အရင်က ဘင်္ဂလားဒေ့ရှ်ကို ဂျင်းတက်တင်ပို့ရာမှာ တစ်ပိဿာကို ၅၀၀၀ ကျပ်သာရရှိခဲ့တာပါ။

လက်ရှိမှာတော့  ယင်းနှုန်း ထက်ပိုပြီး ရရှိတာကြောင့် ပြည်တွင်း ဂျင်းတက်အသန့်စျေးကလည်း တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဂျင်းတက်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တင်ပို့ရာမှာ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး ကနေ ကုန်သွယ်ခွင့်မရတာကြောင့်   ရန်ကုန်ဆိပ်ကမ်းရေကြောင်းက‌ေန တဆင့်သာ  တင်ပို့ရောင်းချ နေရတာဖြစ်တယ်လို့သိရတယ်။

၂၀၂၃ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေတုန်းကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံက  မြန်မာ့ ဂျင်းတက်အစိုကို  တန်ချိန်အများအပြားဝယ်ယူတဲ့အပြင် ဈေးကောင်းပေးကာ ဝယ်ယူခဲ့တာကြောင့် ပြည်တွင်းစျေးကွက်မှာ  ဂျင်းအစို တစ်ပိဿာကိုငွေ ၁၀၀၀၀ ကျပ်အထိစျေးအမြင့်ဆုံးရရှိခဲ့ပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *