ငရုတ်စျေး ပြန် လှုပ်ခက် လာ သော်လည်း ငရုတ်စိုက် တောင်သူများ စျေး မရရှိသေး

ဆက်တိုက်ကျဆင်းနေသည့် ငရုတ်စျေး ပြန် လှုပ်ခက် လာ သည် ဆိုသော်လည်း ငရုတ်စိုက် တောင်သူများ စျေး မရရှိသေးကြောင်း ငရုတ်စိုက်တောင်သူတွေထံကနေသတင်းရရှိသည်။

လက်ရှိ ပြည်တွင်းတိုက်ပွဲအခြေအနေများကြောင့် လမ်းပန်း ဆက်သွယ်ရေး များ အခက်အခဲဖြစ်ကာ ပြည်ပနိုင်ငံများ သို့ တင်ပို့ရန် အခက်အခဲရှိနေသေးခြင်းကြောင့် ငရုတ်စျေး မှာ စတင်ပေါ်သည့် အချိန် မှစ၍ ဆက်တိုက် စျေး ကျဆင်းနေဖြစ်သည်။

“ ငရုတ်သီး အမှည့်စိုဈေးကွက် နည်းနည်းလေးလှုပ်စပြုလာတယ်ကြား တယ်။ဒါပေမဲ့ ငရုတ်သီးက စိုက်ခင်းထဲမှာ သိပ်မရှိတော့ဘူး ။ တောင်သူတွေ မရောင်းရတော့ အခြောက်လှမ်း ပြီး လှောင်ထားရတယ်။ ပြင်ပ စျေးကွက်မှာ သာ စျေးတက်တယ် ပြောနေကြတာ တောင်သူတွေ မှာ အရှုံး နဲ့ ရင်ဆိုင် နေကြရတယ် “ ဟု ဧရာဝတီ တိုင်းဒေသကြီး မှ ငရုတ်စိုက်တောင်သူ တစ်ဦးကပြောသည်။

လက်ရှိ ဘုရင့်နောင်စျေးကွက်တွင် မျှားနီ ငရုတ် မှာ ၃၅၀၀မှ ၄၀၀၀ ကျပ် ၊ပန်းတနော် ရှည် ၃၈၀၀ မှ ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ၉၅၀၀မှ ၁၀၅၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း သိရသည်။

ပြီးခဲ့ သည့် အပတ် ဧပြီလ ၂၄ရက် ဖြင့်ယှဉ်ပါက မျှာနီးမှာ ၅၀၀ကျပ် ကျဆင်းသွား ပြီး ပန်းတနော် (ရှည် )မှာ ၂၀၀ကျပ် ၊ ဆင်ဖြူကျွန်း (ပု) မှာ ၁၀၀၀ကျပ် ထိ မြင့် တက်လာကြောင်း ငရုတ် ဈေးကွက်မှ သိရသည်။ 

ယခင်နှစ်က ငရုတ်ပွဲရုံများတွင် ငရုတ်သီးအမှည့်အစိုများကို အအေးခန်းကားများဖြင့် စနစ်တကျထုပ်ပိုး၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ငရုတ်အမှည့် အစိုများကို ပြည်ပဈေးကွက် သို့တင်ပို့ရောင်းချရန် ဈေးကွက်ရရှိမှု နည်းပါးလာကြောင်းလည်း သိရသည်။ 

ငရုတ်သီးနှံမှာ ပြည်ပဝယ်လိုအား နည်းပါး၍ ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချရသည့်အတွက် တချို့ တောင်သူများအနေဖြင့် အသက်ရှုချောင် နေခြင်း ဖြစ်ကြောင်း လည်း ဆိုသည်။ 

အချို့ ငရုတ်ကုန်သည်များ အနေဖြင့် အဝယ်ရပ်ထား ကြရ ပြီး ရောင်း ချမှုသာ ပြုလုပ် နေကြသည့် အတွက် အရောင်း အဝယ် အေး‌ေနကြောင်းသိရသည်။ 

လက်ရှိ အခက်အခဲ အခြေအနေ အမျိုး မျိုးကြောင့် ငရုတ် ပေါက်စျေး မှာ စိုက်စရိတ် ဖြင့် တွက် ချက်ပါက တွက် ခြေမကိုက်သည့်အပြင်

အချို့ဒေသရှိ ငရုတ်စိုက် တောင်သူများ စိုက်စရိတ် မရဘဲ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

ပြည်တွင်း ငရုတ်သီးမှာ ဖောဖော်ဝါရီ လ က စတင်ကာ လှိုင်လှိုင် ပေါ်ခဲ့ ဖြစ်ပြီး ထပ်မံ စိုက်ရမည့်အချိန် သို့ ရောက်ရှိတော့ မည် ဖြစ်ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *