လက်ကျန် ဝါများစျေးကွက်ရရှိရေးအတွက်  ဝါများကို  တင်ဒါစနစ် ဖြင့်ဝယ်ပေးမည်

လက်ကျန် ဝါများစျေးကွက်ရရှိရေးအတွက်  Aအဆင့် နှင့် C အဆင့်  ဝါများ အား တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မှ သိရသည်။

ထိုကဲ့ သို့ ဝယ်ယူရာတွင် A အဆင့်ဝါ ပိဿာချိန် နှစ်ဆယ့်ကိုးသိန်း နှင့် C အဆင့်ဝါ ပိဿာချိန် တစ်သိန်း အား စက်မှုဝန်ကြီးဌာန ၊အမှတ်၃ စက်မှုလုပ်ငန်း လက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုရန် အတွက် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင်လာမည့် မိုးဝါ စိုက်ပျိုးရေးအတွက် အထွက်တိုးစေရန် ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လည်း သတင်းရရှိ သည်။ 

“ ဝါကြိတ်စက်တွေက လုံလောက်မှုရှိပါတယ် ။ အဓိက က ဝါ စျေးကွက်ပျောက်ချိန် အရံ ဝါ ဝယ်ပေး တာတွေ ၊ ပြည်ပ ဝါ စပ်မျိုးလွယ်ကူလျင်မြန်စွာတင်သွင်းခွင့် ရရှိအောင်ဆောင်ရွက်ပေးတာ သင့်တယ်။ ပြီးတော့ နယ်စပ်လမ်းကြောင်းများခက်ခဲနေချိန်မှာရေလမ်းကြောင်း ကနေ တင်ပို့နိုင်ရေ အဆင်ပြေ ဆောင်ဆောင်ရွက်ပေးသင့် တယ် “ ဝါ လုပ်ငန်း ရှင်များ အဖွဲ့ မှတာ၀န်ရှိတစ်ဦးက ပြောသည်။ဒါ့ အပြင် သွင်းအားစုများအတွက်ဝါစိုက်တစ်ဧကလျှင်ချေးငွေကျပ်နှစ်သိန်းနှုန်းဖြင့်အတိုးနှုန်းသက်သာစွာထုတ်ချေးသွားမည်ဟုလည်း သိရပါသည်။

၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက (၇)သိန်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဇုန်အလိုက် တာဝန်ခံများ တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဝါ တပိဿာလျှင် ၂၇၀၀ မှ ၂၈၀၀ ကျပ် ဖြင့် အကျစျေး မှာ တင် ငြိမ်နေကြောင်း အောင်လံ ကုန်စည်ဒိုင် မှ သိရသည်။ 

“ အခုနှစ်နောက်ပိုင်းဝါဈေးကကျပြီးပြန်မတက်လာတော့တာပါဝါစိုက်တောင်သူများအခက်တွေနေကြရပါတယ်၊ဝါစျေး က ၃၀၀၀ အောက် ရောက်နေတယ် “ ဟု ဝါစိုက်တောင်သူ တစ်ဦး ကပြောသည်။ 

လက်ရှိ ဝါ ကို တရုတ်ဘက် သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ တဆင့် တင်ပို့ နေခြင်း ဖြစ်ပြီး ပုံမှန် ဝယ်ယူ မှုများ ရှိ နေမည်ဆိုပါက စျေးကွက် ကောင်းလာ နိုင် ကြောင်းကုန်သည်များထံမှ သိရသည်။

ပြည်တွင်း၌ ဝါ ကို မကွေးတိုင်း ၊မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ ရှိ မြို့ နယ် များ တွင် အများဆုံး စိုက်ပျိုးကြပြီးအစိုးရအနေဖြင့်လည်း ဝါ ကို အရေးကြီးကုန် အဖြစ် သတ်မှတ်ထား ကြောင်း လည်းသိရသည်။ 

ပြည်တွင်း ၌ ဝါ မှာ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း မှာ စတင်ထွက် ပေါ်ကာ ဇန်နဝါရီလမှ ဧပြီလလယ်အထိ ထွက်ပေါ် ကြောင်း သိရသည်။ အချို့ တောင်သူများက‌ေတာ့ ဝါကို မိုးနှမ်းနှင့် အတူ ၅လပိုင်းကျော် ၆လပိုင်း ခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။

ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေကို ပြီးခဲ့သည့် နှစ်ကတည်းကတားမြစ်ထားသည်။

ဖိုးချဲ(AMIA)

(သတင်းများကို AMIA မှ ရယူထားပါသည်ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်)

Leave a Reply

Your email address will not be published. Required fields are marked *