မေလထဲမှာ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေ သတိထားဖို့လိုအပ်

မေလအတွင်း မြန်မာနိုင်ငံမှာ  မိုးရွာခြင်းနဲ့  အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေ  ဖြစ်ပေါ် နိုင်တာကြောင့်  သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်။  

အလားတူမိုးလေဝသပညာရှင်တွေကလည်း မြန်မာနိုင်ငံထဲက တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးရွာခြင်း စတဲ့  မိုးလေဝသဖြစ်စဉ်တွေ  ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုသတိပေးထား ပါတယ်။

အဆိုပါ ဒေသတွေကတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း တွေ ဖြစ်တယ်လို့ဆိုပါတယ်။

လေကြောင်းမိုးလေဝသ ဌာနမှူး ဦးဝေဖြိုးဟန်က ” အပူချိန်မြင့်တက်နေချိန် ရွာသွန်းမယ့်မိုးဖြစ်လို့   မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပွုစေလိုပါတယျ ” လို့ သတိပေးထားပါတယ်။

မိတ္ထီလာလေကြောင်းမိုးလေဝသရုံးရဲ တိုင်းထွာချက်အရ  အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ ဖြစ်စဉ်ကြောင့်ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်ပြီး    မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာဖြစ်တယ်လို့ဆိုပါတယ်။

 ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေတဲ့  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာကနေ မေလ ၁၈ ရက်လောက်မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ မိုးဇလကအသိပေးထားပါတယ်။

 အဆိုပါ လေဖိ အားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်ကို ရောက်ရှိနိုင်ပေမယ့်  လက်ရှိအထိတော့  လေဖိအားနည်းရပ်ဝန်းစတင် အစပျိုးခြင်းမရှိသေးဘူးလို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *