ဆောင်းနှမ်းလက်ကျန်နည်းနေ ပြီ ဖြစ်၍ နှမ်းစျေး မြင့် နေ 

ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေး မြင့် နေ ကြောင်း နှမ်းကုန်သည် နှင့် တောင်သူများ ထံမှ သိရသည်။ 

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆောင်းနှမ်းလက်ကျန်နည်းခြင်း ၊ နွေနှမ်းမဝင်သေးခြင်း နှင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် စျေးနှုန်းများ မြင့်တက်နေ ကြောင်း သိရသည်။

ထို့ အပြင်နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့်စျေးနှုန်း အတက်စျေး ဖြင့် ငြိမ်နေကြောင်း သိရသည်။

“ အခု ဆောင်း နှမ်း က လက်ကျန် နည်းသလောက်ဖြစ်နေပြီး နွေနှမ်း ကလည်း စျေးကွက်ထဲ လုံးဝ မရောက်သေးဘူး ။ တချို့ နယ်တွေ မိုး စောင့် နေကြတယ် ၊ တချို့နယ်တွေ ကြ မိုး အပြင် လေ ပါ ပါသွားတဲ့ အတွက် နှမ်းပင်တွေ လဲ သွား ကြတဲ့ အခြေအနေ နဲ့ ကြုံနေရတယ် ။ ပုံမှန် ရေ ပေးဝေ မူ နဲ့ ရာသီဥတု အခြေအနေ ကောင်းရင်တော့ နွေးနှမ်း အထွက်တိုးမယ် ။ ရိပ်သိမ်းခါနီး မိုးရွာချရင်တော့ နှမ်းထဲ ရေဝင်ပြီး အရည်အသွေးကျနိုင်တယ် ။ လက်ကျန်နည်းသွားလို့ စျေးက အတက်စျေးမှာရှိနေတယ် ။” ဟု အောင်လံ မြို့ မှ နှမ်းစိုက် တောင်သူ တစ်ဦး ကပြောသည်။ 

အချို့ ဆီစက်ရုံ ၊ ကုန်သည်များ နှင့် လှောင်ရန် ဝယ်ယူ ကြသူများ အနေဖြင့် လက်ကျန် နှမ်း များ ကို စျေး ကောင်းပေး လိုက်လံ ဝယ်ယူနေကြကြောင်း လည်း သိရသည်။ 

အောင်လံကုန်စည်ဒိုင် မတ်လ ၁၄ရက်နေ့ဈေးကွက် ပေါက်ဈေးအရ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၅၀၀၀၀ကနေ ၃၈၀၀၀၀ ကြား ထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူ မှာ ၃၅၀၀၀၀ကျပ် ၊ နှမ်းညို မှာ ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေး တွင်ရှိနေကြောင်းသိရသည်။

 မန္တလေး ကုန်စည်ဒိုင်းမှာ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၇၀၀၀၀ ကနေ ၄၂၀၀၀၀ ကြား ထိ ပေါက်ဈေးရှိပြီးနှမ်းဖြူ Jp မှာ ၄၂၀၀၀၀ကျပ် အထိအမြင့်စျေး တွင် ရှိ ကြောင်း သိရသည်။ 

“ နှမ်း က တရုတ် အဝယ်ပဲရှိ တယ်။ ပြည်ပစျေးကွက်အေးတယ်၊လက်ကျန်နည်းနေလို့သာ အမြင့်စျေး နဲ့ ငြိမ်နေတာ ကြာပြီ ၊ ရာသီဥတု ကောင်းရင်တော့ နှမ်း အရည်အသွေး ကောင်း မှာ ။အရည်အသွေးကောင်း မှလည်း ပြင်ပ က ဝယ်လိုအား ကောင်းမှာ “ဟု နှမ်းကုန်သည်တစ်ဦး ကပြောသည်။

နှမ်း နက် တစ်တန်လျှင် FOB စျေး အရ 1680မှ1730ဒေါ်လာ ပေါက်စျေးရှိပြီး နှမ်းဖြူ တစ်တန်လျှင် 1640 မှ 1690 ဒေါ်လာ ထိ ရှိ ကာ လ အစ ဖြင့် ယှဉ်ပါက အနည်းငယ် မြင့် တက်လာ ကြောင်း သိရသည်။

နွေ နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုး ကြကြောင်း သိရသည်။ 

ယခုနှစ်တွင် ပုံမှန်ရေပေးဝေမှုနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းမွန်နိုင်ကြောင်း သုံးသပ်ကြသည်။ 

ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တခုတည်းက သာ အဝယ်အနည်းငယ်ရှိ ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *