ကွမ်းရွက်စျေးကွက် တရှိန်ထိုးမြင့်တက်လာနေ

ပြည်တွင်း ကွမ်းရွက်စျေးကွက်မှာ ကွမ်းအထွက်နှုန်း လျော့ကျလာတာကြောင့် စျေးကွက်ပြန်လှုပ်လာပြီး ကွမ်းရွက်တစ်ပိဿာကို ၃၃၀၀၀ ကျပ်အထိ မြင့်တက်လာနေတယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

နေပူချိန်မြင့်တက်ခြင်း၊ရောဂါပိုးဝင်ရောက်ခြင်း၊ကွမ်းရွက်အသန့်ထွက်ရှိမှုနည်းခြင်းစတဲ့အချက်တွေကြောင့် ကွမ်းရွက်ကခူးဆွတ်ရမှုလျော့ကျလာတဲ့အတွက် ကွမ်းရွက်စျေးက တစ်လ ကျော်အတွင်းမှာ တရှိန်ထိုးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

” ကွမ်းစျေးကတော့ အခုရက်နည်းနည်းပြန်ကျတယ်တောင်ပြောရမှာ၊အရင်ရက်ကဆို ၃၅၀၀၀ အထိဖြစ်သွားတာ၊ နေကပူလိုက်၊မိုးကလည်းကျလိုက်ဆိုတော့ကွမ်းကသိပ်မခူးရဘူး၊အဲ့ဒီမှာစျေးကထိုးတက်လာတာ၊စျေးတက်တော့ အရောင်းအဝယ်တော့ နည်းနည်းအေးတာပေါ့ ” လို့ ကွမ်းနုဝါရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကွမ်းရွက်လက်ကားစျေးက မန္တလေးထွက် ကွမ်းနုဝါကအမြင့်ဆုံးစျေးနဲ့တစ်ပိဿာကို 33000 ကျပ်အထိစျေးပေါက်ပြီး ပန်းတနော်ရိုးစိမ်းဗမာနဲ့ ရိုးညိုက (ယာ)ရှယ်ထိပ်စကို 27000 မှ 28000 ကျပ်၊(ယာ)ရှယ်က 25000မှ  26000 ၊(ယာ)ကောင်းက 24000 မှ24000၊(ယာ)သင့်က 21000 မှ22000ကျပ် ၊(အလတ်)ရှယ်က 17000 မှ18000၊(အလတ်)ကောင်းက 15000 မှ16000၊ ( အလတ်)သင့် က 13000 မှ 14000၊ (ပယ်ကြီး) ရှယ်ပါကင်က 15000 ကျပ်၊ (ပယ်ကြီး)  က13000 မှ 14000 ကျပ်စျေးရှိနေပါတယ်။ 

ထိုင်ဝမ်(ရိုးနီး)က (ယာ)ရှယ်ထိပ်ဆက  23000-24000ကျပ်၊(ယာ)ရှယ် က 21000-22000 ကျပ်၊(ယာ)ကောင်းက 19000 မှ 20000 ကျပ်၊(ယာ)သင့် က 17000-18000 ကျပ်၊(အလတ်)ရှယ်က  14000-15000 ကျပ်၊(အလတ်)ကောင်းက12000-13000 ကျပ်၊(အလတ်)သင့် က 10000-11000 ကျပ်နဲ့ပယ်ကြီးက 12000-11000- 13000 ကျပ်ထိရှိနေပါတယ်။

ကွမ်းရွက်စျေးကွက်ဟာ စိုက်ပျိုးတဲ့နေရာသေအလိုက် ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး စျေးနှုန်း အမျိုးမျိုးရှိပေမယ့် လက်လီစျေးကွက်မှာတော့ ကွမ်းနုဝါ မဟုတ်တဲ့ ကျန်ကွမ်းရွက်အမျိုးအစားအားလုံးက တစ်ပိဿာကို အနိမ့်ဆုံး ၂၄၀၀၀ ကျပ်ရောင်းချမှုရှိနေပါတယ်။

ကွမ်းရွက်စျေးဟာ ဧပြီလတုန်းက ကွမ်းနုဝါတစ်ပိဿာကိုမှ၈၀၀၀ ကျပ်သာရှိခဲ့ပြီး ကွမ်းရွက်အစိမ်းတွေကတော့ ပန်းတနော်ကွမ်းအပါအဝင် တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀ ကျပ်အထိပင်စျေးကျဆင်းခဲ့ပါတယ်။

မစံပယ်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *